part(22)

8.4K 584 13
                                    

Unicode

မိုးဦးနှင့် သော် အပူအပင်တွေမရှိဘဲ အချစ်တွေသာပြည့်နှက်နေ​ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာမဝသော နေ့ရက်များပါပဲ။
ဤ​နေ့ရက်များကိုနှစ်ဦးလုံးတန်ဖိုးထား​ပြီး တစ်သက်မမေ့ပါ။
ချစ်သူနှင့်အတူဖြတ်သန်းရသောနေ့ရက်များသည် လွန်ကဲသောတန်ဖိုးနှင့်​ဖြစ်သည်။

သော် ကိုးတန်းစာမေးပွဲလဲပြီးခဲ့ပြီ။
အပြင်ဖြေဖြစ်တာမို့ သော့်အတွက်မခက်ခဲ။
အသက်အရွယ်တစ်ခုရောက်နေတာမို့ အတန်းစာမေးပွဲသည် သော့်အတွက်ရှက်စရာလိုထင်မြင်ခဲ့သော်လည်း မိုးဦးကြောင်​့ ထိုအခက်အခဲကိုလွယ်ကူစွာပင် သော် ကျော်ဖြတ်နိုင်ခဲ့သည်။

သော့်ကို ရက်အနည်းငယ်အနားပေးပြီးတာနဲ့ ဆယ်တန်းအတွက်ပြင်ဆင်ရတော့မည်။ ​နောက်နှစ်က သော့်အတွက်ပိုအရေးကြီးသည်။
စာမေးပွဲကပြီးနေပြီဆိုတော့ သော် အိမ်ထဲမှာသာ​နေ​ဖြစ်တော့တယ်။
မိုးဥှီး သော့် ကို သူမပါဘဲ သိပ်အပြင်မထွက်ခိုင်းပါ။
သော်ကိုယ်တိုင်ကလဲ အပြင်မထွက်လိုပါ။
အရင်ကတည်းက သော်က အိမ်ထဲမှာပဲပျော်တတ်တဲ့ကလေး။
အပြင်ထွက်ရတာကို သိပ်မကြိုက်လှသူပါ။
လွန်ခဲ့သောနှစ်တွေမှာ သော့်ဘဝခရီးကြမ်းကိုလျှောက်ခဲ့ရပေမဲ့ အခလြိလြုံခြုံသောခိုလှုံရာအစစ်အမှန်ဆီပြန်ရောက်တာနဲ့ သော်က ငယ်တုန်းကအကျင့်လေးအတိုင်းပဲ နေတော့တယ်။

သော့် နေ့စဥ်အလုပ်များမှာ. . . မိုးဦး မနိုးခင်ထကာ မနက်စာပြင်သည်။
မိုးဦးအတွက် သွားတိုက်ဆေးမှအစ ထည့်ပေးပြီးသား။
ခုဆို မိုးဦး နေ့လယ်စာသည်လဲ ကြုံသလိုမဟုတ်တော့ဘဲ သော့်လက်ရာ ထမင်းဗူးနှင့် မိုးဦး ရုံးသို့တင့်တင့်တယ်တယ်သွားရခြင်း​ဖြစ်သည်။
သော်က တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ်ထည့်ပေးသည်။
အိမ်ရှင်ထီးလေးက မိုးဦးကိုအသေးစိတ်ဂရုစိုက်ပေးတာ။
.
.
.

"သော် ရေ. . .သည်းသော်"

မိုးဦး အိပ်ယာထဲမှခေါ်သံ

"ကို ... သော် ရှိတယ်"

ချက်နေရင်း ပြန်ထူးသံကြားပေမဲ့ ရှိရုံနဲ့ရမလား။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now