Ep(3)Unicode

84 8 0
                                    

ဘုရားကစွဲလမ်းမှုကိုတားမြစ်ပါတယ်။
ကျွန်တော်က ရိုရိုသေသေငြင်းပယ်ခဲ့တယ်

စိတ်နဲ့ ခါခါရောက်
စိတ်နဲ့ အခါခါနမ်း
အဲ့ဒီလက်ဖျံသွေးကြောစိမ်းတွေ။
                                                         မြကျေး
_______________________________________

ကျွန်တော်လိုဘာကိုမှဂရုမစိုက်ဘဲနေတတ်တဲ့ကောင်၊အများကအချေမင်းသားရယ်လို့ခေါ်ကြတဲ့ကျွန်တော်ကအရပ်ပုပုပါးဖောင်းဖောင်းနဲ့ကောင်ငယ်လေးကိုချစ်မိသွားမယ်လို့ဘယ်သူကထင်မှာလဲ။သူ့ကိုစတွေ့တုန်းကသူ့ဘေးကသူငယ်ချင်းတွေကိုနှုတ်ခမ်းလေးထော်ပြီးရန်တွေ့နေတာများဘဲပေါက်လေးကျနေတာပဲ။သူလေးကိုကြည့်ပြီးကိုယ်ကိုယ်တိုင်တောင်မသိဘဲပြုံးမိသွားတယ်။တစ်ရက်အတန်းပြီးလို့အိမ်ပြန်ဖို့ကားဆီသွားတဲ့အချိန်လူတစ်ယောက်နဲ့တိုက်မိပါလေရော။အစကတော့စိတ်တိုပြီးအော်ဖို့လုပ်နေတုန်း အရှေ့ကအကောင်ပေါက်ကမနားတမ်းတောင်းပန်နေတာလေးကချစ်ဖို့ကောင်းလိုက်တာ။"နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့ ဂရုစိုက်"လို့ပြောလိုက်တာကို ပြူးကြောင်ကြောင်လေးနဲ့ပြန်ပြီးပြန်ပြီးကြည့်နေတာများကိုက်စားချင်စရာလေး။ဪ...ကျွန်တော်မင်ယွန်းဂီဆိုတဲ့သူရဲ့အတွေးတွေကိုလွှမ်းမိုးနိုင်တဲ့သူကမင်းတစ်ယောက်ပဲရှိတယ် ကလေးငယ်။

ဒီလိုနဲ့စဥ်းစားခန်းဖွင့်ရင်းမင်ယွန်းဂီတစ်ယောက်အိပ်ပျော်သွားပါလေရဲ့

..........................…...............................................

မနက်မိုးလင်းတာနဲ့Jiminတစ်ယောက်စိတ်မကြည်မှုနဲ့နိုးထလာရလေပြီ။ အကြောင်းအရင်းကတော့ Ommaဖြစ်သူကဒီနေ့အငယ်မပထမဆုံးUniတက်ရမည့်နေ့မို့အတူတူသွားရန်ပြောသောကြောင့်ဖြစ်သည်။စိတ်တွေလဲညစ်ပါတယ်Ommaရယ်။
Jimin'ss Omma: သားငယ်ညီမလေးကိုသူ့အခန်းထဲထိရောက်အောင်ပို့ပေးလိုက်နော်။ရန်လဲဖြစ်မလာနဲ့ဦး။
Jimin: Nae သားအခန်းထဲထိရောက်အောင်ပို့ပေးလိုက်ပါ့မယ်။
Jimin's Omma: အေးအေး ကောင်းကောင်းသွားကြ။

*ကျော်မယ် ခွမယ်နော်😁😁*

ကျောင်းရောက်ပေမယ့် ဟိုနှစ်ကောင်ကကန်တမ်းကိုလာခဲ့ပြောလို့ဘေးကမျောက်မကိုပါခေါ်လာခဲ့ရသည်။သူကတော့ပထမဆုံးUniစတက်ရမှာဆိုတော့အူမြူးနေလေသည်။ကျွန်တော်ကတော့ အလွန့်အလွန်စိတ်ညစ်ပါသည်။ကျွန်တော့်ညီမလို့သာပြောမယ့်သာပြောရတာ ကျွန်တော်နဲ့တစ်စက်ကလေးမှမတူ။မျောက်ရှုံးလောက်အောင်သောင်းကျန်းသောအမွှေစိန်မဖြစ်သည်။
Tae: ငါတို့ဒီမှာ Jimin။
ကျွန်တော်လဲအသံကြားရာကြည့်ပြီးလက်လှမ်းပြလိုက်သည်။
Hoseok: ဟေ့ကောင်Tae။ Jiminဘေးကကောင်မလေးကဘယ်သူလဲ။ချစ်စရာလေး။
Tae: မင်းကလေ နှာဘူးကျမယ်ဆိုတာချည်းပဲ။
တီးတိုးတီးတိုးပြောနေတဲ့ထို၂ယောက်နားသွားလိုက်ပြီးထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
Jimin: မင်းတို့ရောက်နေတာကြာပြီလား။Sorryကွာ ငါနည်းနည်းနောက်ကျသွားတယ်။

Sweet Love(ခေတ္တရပ်နား)Where stories live. Discover now