Ep (4) Unicode

67 10 3
                                    

Jijiတစ်ယောက်အတန်းပြီးတာနဲ့ကန်တင်းမ်မှာထိုင်ရင်း ကိုကိုတို့ကိုစောင့်မယ်ဆိုပြီးပစ္စည်းတွေသိမ်းကာထွက်လာခဲ့လိုက်သည်။ သွားရင်းနဲ့မနက်ကကိစ္စပြန်စဥ်းစားကြည့်ရင်းဟိုလူဂွစာကိုစိတ်တိုလာရသည်။ သူမှားပေမယ့်ပြန်တောင်းပန်တယ်မဟုတ်ဘူးလား။ ဒါပေမယ့်လဲ စိတ်ထားကောင်းပြီးချောမောလှမတဲ့ဒီကJijiလေးကပဲအလျော့ပေးလိုက်ပါ့မယ်လေ။ ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာရင်း ကန်တင်းမ်တောင်ရောက်လာလေပြီ။

Jiji: ဟာ ဝိုင်းတွေတောင်ပြည့်လုနီးပါးဖြစ်​ေနပြီ။ ငါဘယ်နားထိုင်ရမှန်းတောင်မသိဘူး။

Jijiတစ်ယောက်ထိုင်ခုံနေရာရှာရင်း ထောင့်စွန်းဝိုင်းတစ်ဝိုင်းကထသွားတာတွေ့၍ဝင်ထိုင်လိုက်သည်။

Jiji: အခုမှပဲအဆင်ပြေတော့တယ်။ ဒီဝိုင်းကိုကင်မ်ချီထမင်းကြော်နဲ့ကိုလာလေးတစ်ဗူးလောက်ပေးပါ။

စာပွဲထိုး: Nae ခဏလေးပဲစောင့်ပါအမလေး။

Jijiစားစရာတွေမှာပြီး ကိုကိုတို့လာပြီးလားတစ်ချက်လှမ်းကြည့်ရင်းအရှေ့သို့ပြန်လှည့်တော့ မနက်ကလူ့ဂွစာကအရှေ့ဝိုင်းမှာထိုင်နေတာတွေ့ရသည်။ မနက်က ကိစ္စကိုသူထပ်တောင်းပန်သင့်သည်မလား။ သူကဘုဂလန့်ဆိုတောင်Jijiလေးကစိတ်ထားကောင်းတာမို့ အမှားကိုပြန်တောင်းပန်ရမည်ဟုဆိုကာအရှေ့ဝိုင်းသို့ထလာခဲ့သည်။

******************************

အချိန်ပြည့်ဗိုက်ဆာနေသောSeokjin hyungကြောင့်Min Yoongiတို့အတန်းတစ်ချိန်တက်ပြီးကန်တင်းမ်သို့လာထိုင်နေခြင်းမှာအတော်ပင်ကြာနေလေပြီ။ မနက်ကဟိုပိစိရဲ့ဘေးကကောင်မလေးကပိစိကို"ကိုကို"လို့ခေါ်တာကိုပြန်တွေးမိတိုင်းစိတ်ထဲတနုတ်နုတ်နဲ့နေရခက်သည်။ အတွေးလွန်နေတုန်းသူတို့ထိုင်နေတဲ့ဝိုင်းနားမှာမတ်တပ်လာရပ်သောသူကိုမော့ကြည့်လိုက်တော့မနက်ကပိစိဘေးကကောင်မလေးဖြစ်နေသည်။ သွားသုံးဆယ့်နှစ်ချောင်းကိုအကုန်ပေါ်အောင်ဖြီးထားသောကောင်မလေးအားကြည့်၍....

Yoongi: ဘာကိစ္စလဲ။

Jiji pov; ငါနော် မေးတာကအစအထက်စီးကတော်တော်အကျင့်မကောင်းတဲ့လူ့ဂွစာ။

Sweet Love(ခေတ္တရပ်နား)Where stories live. Discover now