ဒီမနက်Hyungနဲ့အကြည့်ချင်းဆုံပြီးကတည်းက ရင်ဘတ်ထဲကအကောင်ပေါက်ကအပြင်ကိုပေါက်ထွက်မတတ်အောင်ခုန်နေတုန်းပဲ။အတန်းထဲရောက်ပြန်တော့လဲဆရာကအရှေ့ကစာသင်နေတာတောင် စိတ်မဝင်စားနိုင်တဲ့အထိHyungရဲ့အကြောင်းတွေကစိုးမိုးထားတုန်းပဲ။ဘေးကကျွန်တော်ရဲ့ချစ်လှစွာသော သူငယ်ချင်း၂ယောက်ကတော့ဆရာသင်တဲ့စာထက်သူတို့အိတ်ထဲကအာလူးကြော်ကိုခိုးစားရင်းပိကျိပိကျိနဲ့စကားတွေခိုးပြောနေကြလေရဲ့။
Jimin: ဟျောင့်တွေ မင်းတို့သာလာသင်တာလား။မုန့်ခိုးစားဖို့ကျောင်းလာတာလား။
Hobi: ဟျောင့် မင်းကဘာသိလို့လဲ။ခိုးစားရတဲ့အရသာကဘယ်လောက်ကောင်းလဲဆိုတာ ငါတို့လိုချစ်ဖို့ကောင်းတဲ့ကလေးတွေပဲသိတယ်။မနာလိုမဖြစ်စမ်းပါနဲ့။
Jimin: ဘာ......Haha😂Hobiရာမင်းဟာသတွေသိပ်ပြောတာပဲ။မင်းကိုဘယ်သူပြောလဲ ချစ်ဖို့ကောင်းတဲ့ကလေးလို့။
Tae: ဟျောင့်တွေ ငြိမ်ငြိမ်နေစမ်းကွာ။မုန့်စားရတာfeelပျက်တယ်။
ထိုစဉ်...
Teacher: အနောက်ကဟိုသုံးကောင်ငါစာသင်နေတာကို မင်းတို့ကစကားများနေတယ်ပေါ့လေ။မသင်ချင်ရင်အခုငါ့အခန်းထဲကထွက်သွား။
Jimin, Hobi & Tae: တောင်းပန်ပါတယ်ဆရာ နောက်မဖြစ်စေရပါဘူး။
Teacher: အေး မင်းတို့ကြပ်ကြပ်သတိထား။
ဆရာ့ကိုကြောက်လို့သာငြိမ်လိုက်ရပေမယ့် ကျွန်တော်တို့သုံးယောက်ကတော့အသံတိတ်စစ်ပွဲကိုဆက်ပြီးဆင်နွှဲနေတုန်းပါပဲ။အချိန်အတော်အတန်လောက်ကြာတော့ ဆရာလဲထွက်သွားတော့ကျောင်းသားတွေလဲယွစိယွစိနဲ့အခန်းလေးဟာစကားသံတွေနံ့ဆူညံလာပါတယ်။
Hobi: ငါတို့ကန်တင်းသွားရအောင် ငါဗိုက်အရမ်းဆာနေပြီ။
Jimin: ဟမ် မင်းခုနကမှမုန့်ခိုးစားထားတာလေ😒
Hobi: ငါကအလကားနေဗိုက်ဆာနေတာ။
Tae: မင်းတို့စကားများမနေနဲ့။ လာ သွားကြမယ်။
Jimin: လာပါပြီ သစ်တော်သီးဗိုက်ရဲ့။
Tae: Borrr မင်းဘာပြောလိုက်တယ်။အေး သစ်တော်သီးဗိုက်ရဲ့လက်ဝါးဘယ်လောက်ပြင်းလဲမြည့်ကြည့်မလား။