အချစ်ကဘာလဲလို့မေးရင် ပတ်ခ်ဂျီမင်းလို့ပဲဖြေမိမှာအမှန်ပင်။ ကလေးငယ်ရဲ့"ကိုကိုနော်"ဆိုတဲ့အသံဟာ မင်ယွန်းဂီဆိုတဲ့ကျွန်တော့်ရဲ့အသည်းနှလုံးကိုအရည်ပျော်ကျမတတ်ပင်။ တစ်နေ့တစ်နေ့ပတ်ခ်ကလေးရဲ့ တီတီတာတာအသံလေးများနှင့်စိတ်ကောက်ခြင်းများမခံရလျှင်ဘဝကပြီးပြည့်စုံတယ်လို့မခံစားရတော့ပင်။ ဟော....ပြောရင်းဆိုရင်းပေါက်စတစ်ယောက်တော့ဖုန်းခေါ်လေပြီ။
"ဟယ်လို ကလေး"
"ကိုကို ဘာလုပ်နေလို့ကလေးဖုန်းခေါ်တာချက်ချင်းမကိုင်ရတာလဲ။ ဘယ်ကောင်မလေးအကြောင်းတွေးနေတာလဲ။"
ပေါက်စကတော့ စရစ်ပါပြီ။
"ဘယ်ကောင်မလေးအကြောင်းမှလဲ မတွေးရပါဘူးဗျာ။ ကိုကို့မှာတွေးစရာဆိုလို့ဒီဘဲပေါက်လေးပဲရှိတာပါဗျာ။"
"ကိုကိုနော် လူကိုဘာဘဲပေါက်လဲ။ ကိုကိုဒီနေ့ကုမ္မဏီမှာရှယ်ယာရှင်တွေနဲ့တွေ့ရမှာဆိုလို့ ကလေးကသတိလှမ်းပေးတာ။"
ဟုတ်သည်။ ကျောင်းပြီးကတည်းကမိဘတွေရဲ့ကုမ္မဏီကိုမိမိဖခင်ကလက်လွှဲပေးထားသောကြောင့် မိမိမှာတာဝန်ယူထားရသည်။ အခုလဲရှယ်ယာရှင်တွေ့မယ့်ကိ္စကိုမေ့နေလေပြီ။ ကလေးသတိပေးလို့သာတော်သေးသည်။
"အင်း ကလေးငယ်။ကိုယ်အခုပြင်ဆင်တော့မယ်နော်။ ထမင်းစားချိန်လာပို့မှာလား။"
"လာမှာပေါ့ ဘယ်တုန်းကများမလာဖူးလို့လဲ။ဘာလဲခင်ဗျားကြီးက လာမပို့စေချင်လို့လား။"
"မဟုတ်ပါဘူး ကလေးရာ။ လာရင်ဂရုစိုက်လာဖို့ပြောမလို့ပါ။"
"ပြီးရော ပြီးရော အဲ့ဒါဆိုလဲကလေးဖုန်းချတော့မယ်။ပြင်ဆင်တော့နော်။"
"ဟုတ်ကဲ့ပါခင်ဗျာ။ အရမ်းချစ်တယ်နော်"
"ကလေးလဲကိုကို့ကိုအများကြီးချစ်တယ်။ ဒါပဲနော်"
ကလေးငယ်ဖုန်းချသွားတော့မှပြင်ဆင်စရာရှိတာပြင်ဆင်ရတော့သည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူရဲ့အချိန်ကိုအလကားဟာဿလဲမဖြစ်စေချင်။
မင်ယွန်းဂီလဲပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအလုပ်သို့ထွက်လာခဲ့လေသည်။ ရောက်ရောက်ချင်းမှာပဲ အတွင်းရေးမှုးအားညွှန်ကြားစရာရှိတာများညွှန်ကြားပြီးရုံးခန်းထဲသို့ဝင်လိုက်သည်။