1

1.2K 118 8
                                    


" Lisa "

အဖေ့ရဲ့ ဒေါသထွက်နေတဲ့ ခေါ်သံ ကြောင့် Lisa တစ်ချက်တုန်ယဉ် သွားသည်။

" wae? "

လက်ထဲမှာ စာမေးပွဲအမှတ်စာရင်း စာရွက်ကို ကျစ်ကျစ် ပါအောင် စုပ်ထားသည့် အဖေက
Lisa ကို တအားဒေါသထွက်နေသည်။

"နင် စာမေးပွဲကို ဘယ်လိုဖြေလာတာလဲ"

"ဘာလဲ အမှတ်နည်းနေလို့လား
ဘယ်လိုဖြေဖြေအောင်မှတ်ရဖို့က
အဓိက မလား? "

"အခု နင့်အမှတ်က ရှုံးခါနီးလေ"

"အဖေက အမှတ်ထွက်မှဘာလာဖြစ်နေတာလဲ "

"ရားး ငါနင့်ကို ဒီလို ပြန်ပြောဖို့
သင်ထားပေးလား....နင့်အမေဆုံးသွားပြီးကတည်းက ငါနင့်လိုကလေးမျိုးကို ဘယ်လို ပျိုးထောင်ပေးခဲ့ရလည်း"

Lisa သည် ရယ်မောလိုက်သည်။

"ပျိုးထောင်တာ....ဟုတ်လား?
အမေဆုံးပြီနောက်ပြီး အဖေ အိမ်ကို တစ်လတစ်ခါပြန်လာတာတွေရော မှတ်မိသေးလား?....ကျောင်းသားမိဘတွေ့ဆုံပွဲတွေရော အဖေ လာပေးဖူးလား?
အမေဆုံးတာ ကင်ဆာနဲ့ဆိုပေမဲ့ အဖေ့ ပယောဂ မကင်းဘူး"

မျက်ရည်ဝဲပြီး ရယ်မော ‌နေတဲ့
Lisa က ငယ်ငယ်တည်းက သူ့အဖေကို နာကျည်းနေခဲ့သည်။

"ဒီကလေး ငါလုပ်လိုက်ရ"

အဖေက ထပြီး Lisa ကို လက်နဲ့ ရွယ်ပြီး ရိုက်မလို့လုပ်ပေမဲ့
အဖေ ရပ်တန့်သွားခဲ့သည်။

သူ့သွေးသားအရင်းဖြစ်တဲ့ တစ်ဦးတည်းသောဒီသမီးလေးကို
သူမရိုက်ရက်။

"ရိုက်လိုက်လေ ရိုက်လိုက်စမ်းပါ"

လက်ရွယ်ထားရင်း ရပ်တန့်‌နေတဲ့ အဖေ‌က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်သွားသည်။


•••

‌အတန်းထဲက စားပွဲရှည်ကြီးမှာ ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ Lisa.
သူအိပ်နေတဲ့ နေရာက အတန်းထဲကို နေရောင်ခြည်တည့်တည့်ဝင်နေတဲ့နေရာဖြစ်သည်။

အိပ်ပျော်နေတဲ့ ‌lisa ကို နေမထိုးအောင် စာအုပ်နဲ့ ကာပေးနေတဲ့ကောင်မလေး တစ်ယောက်။

lisa နိုးလာပြီး
ထိုကောင်မလေးအား
"နင်ဘယ်သူလဲ" ဟုမေးလိုက်ရာမှ ထိုကောင်မလေးက ရှက်ကိုးရှက်ကန်းဖြင့် အတန်းထဲက ထွက်သွားသည်။
Lisa အိပ်ချင်မူးတူး ဝေဝေဝါးဝါးနဲ့မို့ ကောင်မလေး မျက်နှာကို သေချာမမှတ်မိ။
သူမှတ်မိတာကတော့ အဲ့ကောင်မလေးက hoodie အဖြူရောင်ဝတ်ထားတာပါပဲ။

𝗜'𝗺 𝗬𝗼𝘂𝗿𝘀  [Completed]Where stories live. Discover now