" ချယ်ယောင်း "
ကန်တင်းရဲ့ အအေးဆိုင်တစ်ခုတွင် ထိုင်နေသော ချယ်ယောင်းအား လှမ်းခေါ်နေသူမှာ လီဆာပင်။
ချယ်ယောင်းကလည်း လက်လှမ်းပြလိုက်သည်။
လီဆာက သူ့အနားလာပြီး
ဘေးခုံမှာထိုင်လိုက်သည်။"အမ ဘာမှာမလဲခမျ"
စားပွဲထိုးက ချက်ချင်းရောက်လာသည်။
" chocolate တစ်ခွက်နော်"
"ဟုတ်"
နောက်မိနစ်အနည်းငယ်မှာ
မှာတဲ့တာတွေရောက်လာသည်။စတော်ဘယ်ရီဖျော်ရည်သောက်နေသည့်ချယ်ယောင်းက စပြီး စကားစမြည်ပြောလိုက်သည်။
"လီဆာက အတန်းမတက်ဘူးလား"
"တက်ပြီးလို့ပြန်လာတာလေ"
"အော််အင်း"
"ဒါနဲ့ ဒီနားမှာရော သရဲတွေရှိလား"
ချယ်ယောင်းက ဟိုဘက်ဝိုင်းကို လက်ညိုးထိုးပြလိုက်သည်။
"အဲ့ဝိုင်းမှာတော့ ကောင်မလေးတစ်ယောက်ထိုင်နေတယ်"
လီဆာက ကြက်သီးတစ်ဖြန်းဖြန်းထသွားခဲ့သည်။
"အင်း.....အင်း"
အရင်စမေးတဲ့သူက အသံတွေတောင်တုန်နေသည်။
ထိုစဉ်
"လီဆာ"
" အယ်....ji"
လီဆာတို့နှင့် ခပ်လှမ်းလှမ်းဝိုင်းက ကောင်မလေးက ထလာပြီး
လီဆာ့ကို လာနှုတ်ဆက်သည်။"မတွေ့ရတာကြာပြီ
ခုနကတည်းက ကြည့်နေတာ လီဆာမှ ဟုတ်ရဲ့လားလို့""ဒီမှာကျောင်းတက်နေတာလား"
"မဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ရှိလို့ လာတာ "
"အော်"
"ဒါနဲ့ သူက ဘယ်သူလဲ မိတ်ဆက်ပေးဦးလေ"
" သူလား"
လီဆာက ချက်ချင်း ဆိုသလို
ချယ်ယောင်းရဲ့ ပါးပြင်ကို နမ်း လိုက်သည်။ချယ်ယောင်း ကြောင်ပြီး ပြူးပြူးလေး ဖြစ်သွားသည်။
ရှေ့မှာ ရှိတဲ့ jisoo ကလည်း ပါးစပ်အဟောင်းသားနဲ့ကြည့်နေသည်။
YOU ARE READING
𝗜'𝗺 𝗬𝗼𝘂𝗿𝘀 [Completed]
Horrorသူများအမြင်မှာတော့ မင်းက Devil ဖြစ်ချင်ဖြစ်လိမ့်မယ်.... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာ မင်းက တကယ့် Angel လေး ဖြစ်နေတယ်။🤍 [May9 2021] 📝 [May17 2021] By kir_runa