5

795 105 5
                                    

In Saturday »

အဖေကတော့ လီဆာ့ကို လက်ထပ်ပွဲအား လာခဲ့ရန်တောင်းဆိုသော်လည်း  လီဆာသည် ထိုစိတ်ပျက်စရာပွဲကြီးကို လုံးဝတက်ရောက်မည်မဟုတ်ချေ။

ထိုမိန်းမကြီးနဲ့ သူ့အဖေကိုတွဲပြီး တွေ့ရမှာကိုလည်း လီဆာ အရမ်းမုန်းသည်။

လက်ထပ်ပြီးရန် အဲ့ဒီမိန်းမကြီးနဲ့တစ်အိမ်ထဲနေ့တိုင်း မျက်နှာ ဆိုင်နေရာမည်ကို လီဆာ‌ တွေးတိုင်းရွံမုန်းမိသည်။

ဘာဘဲဖြစ်ဖြစ်
အဲ့မိန်းမနှင့် ပတ်သက်နေသမျှအရာအားလုံးကို မုန်းသည်။

                       •••
*ဖုန်းမြည်သံ*

‌ကုတင်ပေါ်တွင်လှဲရင်း စာအုပ်ဖတ်နေသည့် ချယ်ယောင်း‌ဆီ ဖုန်းဝင်လာခဲ့သည်။

“ဟယ်လို”

“ငါပါ လီဆာ”

“အွန်း ပြော”

“ငါ့အိမ်လာခဲ့ပေးနိုင်မလား”

“အမ်”

“ငါ့အိမ်သိတယ်မလား”

“အော် အင်း ငါခုလာခဲ့မယ်”

“ငါစောင့်နေမယ်နော်”

ဖုန်းထဲက လီဆာ့အသံကအရမ်းအေးဆေးနေသည်။
ချယ်ယောင်းလည်း သွားဖို့ပြင်ဆင်လိုက်ပြီး အိမ်မှထွက်လာခဲ့သည်။

ခါတိုင်းလိုလမ်းမှာ ဟိုရုပ်ဆိုးကောင်တွေက နှောင့်ယှက် နေပေမဲ့ ချယ်ယောင်းက လီဆာဆီရောက်ဖို့ကိုဘဲ အာရုံစိုက်နေသည်။

‌ခြံအကျယ်ကြီးနဲ့ နန်းတော်နဲ့တူတဲ့ လီဆာ့အိမ်ဆီ ချယ်ယောင်းရောက်နေပြီ။

ဘဲလ် လေး နှိပ်လိုက်သည့်နှင့်
အဲ့ထဲမှအိမ်အကူအဒေါ်ကြီးက
“ဘယ်သူပါလဲ” ဟုမေးသည်။

“အာ...လီဆာ့သူ...သူငယ်ချင်းပါ”

“မမလေးသူငယ်ချင်းလား”

“ဟုတ်ကဲ့”

ပြီးတာနဲ့ ခြံတံခါးကြီးက auto ပွင့်လာသည်။
ဒါကတော့ ချယ်ယောင်းအတွက်အထူးအဆန်းဖြစ်နေသည်။

အထဲဝင်သွားသည်နှင့် လီဆာက
ဝမ်းသာစွာကြိုဆိုနေသည်။

“ချယ်ယောင်း ရောက်ပြီလား။ မျှော်နေရတာ”

𝗜'𝗺 𝗬𝗼𝘂𝗿𝘀  [Completed]Where stories live. Discover now