8

690 94 3
                                    

“လီဆာ”

လီဆာမိထွေး သည် လီဆာ့ အခန်းထဲကို တံခါးမခေါက်ဘဲ ဝင်လာသော်ကြောင့် လီဆာ စောစောစီးစီးစိတ်တိုရပြန်သည်။

“ဘာလဲ ရှင့်ကို ဘယ်သူအခန်းထဲပေးဝင်နေလို့လဲ.....ဝင်မယ်ဆိုလည်း တံခါးခေါက်လေ”

“အန်တီမေ့သွားလို့ပါ”

“ကဲအခု ဘာလာလုပ်တာလဲ”

“သမီးအဖေ ခေါ်ခိုင်းလိုက်လို့
အဲ့တာ ”

“ အဖေဆီသွားရင် ရပြီမလား
အဲ့တာဆို ရှင်ခုအခန်းထဲ က ထွက်သွား ”

လီဆာ့မိထွေးလည်း ဘာမှမပြောနေတော့ဘဲ အခန်းထဲက ထွက်သွားသည်။

‌•
“ခေါ်တယ်ဆို ဘာလုပ်မလို့လဲ”

လီဆာအဖေသည် ဖတ်လက်စ ဖြစ်တဲ့ သတင်းစာကို စားပွဲပေါ်ကို ချလိုက်သည်။

“ထိုင်ဦး”

“ဘာပြော‌မလို့လဲ”

“သမီး Australia သွားချင်လား”

“သွားပြီးတော့ဘာလုပ်ရမှာလဲ”

“သမီးဘဲ ဒီအိမ်မှာနေတာ မပျော်ဘူးဆို....အဲ့မှာနေရင်းကျောင်းတက်လို့လည်း ရတယ်လေ”

အဖေပြောတာကို လက်ခံပြီး
Australia မှာ ကျောင်းသွားတက်ချင်ပေမဲ့လည်း ချယ်ယောင်းကို
သူမ‌ခွဲနိုင်ပေ။

“ အချိန်ယူပြီး စဉ်းစားရဦးမယ်လေ ချက်ချင်းလုပ်လို့ရတဲ့ အရာမှမဟုတ်တာ”

အဖေက ပြုံးပြပြီး

“အဲ့နိုင်ငံမှမဟုတ်ဘူး ငါ့သမီးသွားချင်တဲ့နိုင်ငံကိုပြော ဒီအဖေ ရောက်အောင်ပို့ပေးမယ်”

                     •••

ကျောင်းအားကစားကွင်းရဲ့ ပွဲကြည့်ခုံမှာထိုင်နေတဲ့ လီဆာ။

“လီဆာ”

ချယ်ယောင်းက ၆ပေလောက်ကွာတဲ့နေရာကနေ လက်ယမ်းပြနေသည်။
လီဆာ ပြန်ပြီး လက်ထောင်ပြလိုက်သည်။ 🤚

ချယ်ယောင်းက လီဆာ့အနားမှာ လာထိုင်လိုက်သည်။

“လီ‌ဆာ yah လိုက်ရှာနေတာ နင်က ဒီရောက်နေတာကိုး”

“အင်း”

“မျက်နှာလေးမကောင်းပါလား”

ချယ်ယောင်းက လီဆာ့ နှဖူးကလေးကို လက်ဖြင့်စမ်းလိုက်သည်။

𝗜'𝗺 𝗬𝗼𝘂𝗿𝘀  [Completed]Where stories live. Discover now