6

779 94 4
                                    

ခါတိုင်းထိုင်နေတဲ့ ကျောင်းဝင်းထဲက သစ်ပင်အောက် လီဆာ နှင့် ချယ်ယောင်း။
ချယ်ယောင်းက လီဆာ ‌ပုခုံးတွင် ခေါင်းမှီလျက် ‌ထိုင်နေသည်။

“ ချယ်ယောင်း”
“ဟင်”

“နင့်ရဲ့ဖြစ်ချင်တဲ့အိမ်မက်ရှိလား”

“ရှိတာပေါ့”

“အဲ့တာဘာလဲ”

“ကိုယ်ပိုင်စီးပွားရေးတစ်ခုခုလုပ်ပြီး....နင်နဲ့အတူတူတစ်သက်လုံးနေသွားချင်တာ”

“နင့်အိမ်မက်ကတော့ တကယ့်ချစ်ဖို့ကောင်းတာဘဲ”

“နင်ရော”

“ငါက နင်နဲ့ လက်ထပ်ချင်တာ”

“ဟင်”

ချယ်ယောင်းက လီဆာထင်ထားတဲ့အတိုင်း ပြုံးပြုံးလေးဖြစ်သွားသည်။

“ ဘာလဲ ငါ့အိမ်မက်တွေက တကယ် မဖြစ်နိုင်ဘူးလား”

“ လီဆာ ဒီလောကကြီးထဲမှာလေ မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာဘဲ ရှိတာ ”

“ အဲ့တာဆို ငါနင်နဲ့ လက်ထပ်ဖို့ ဖြစ်အောင်ကို လုပ်ရမယ် ”

ချယ်ယောင်း ပြုံးနေစဉ်မှာဘဲ
သူ့ နှုတ်ခမ်းလေးကို ဖြည်းညင်းစွာ လာထိတွေ့နေသော
လီဆာ့ နှုတ်ခမ်းနုနုလေး။

“အဟမ်း အဟမ်း”

မျက်လုံးကို လက်ဖြင့် ကာထားပြီး ဘေးမှာ “အဟမ်း အဟမ်း” လာလုပ်နေသူမှာ တော့ Jisoo ဖြစ်သည်။

“အလိုက်ကန်းဆိုးမသိသလိုဖြစ်သွားမလား မသိပေမဲ့ ရှင်တို့က ငါလာတဲ့ အချိန် တိုင်း
ဒီလိုတွေလုပ်နေကြတာ ”

လီဆာက ရယ်လိုက်သည်။

“ chu နင်က ဘယ်ချိန်က ရောက်နေတာလဲ”

“ခုနကဘဲ....ရော့ဒီမှာ”

“ဖိတ်စာ...ဘာဖိတ်စာလဲ”

“ငါ့Wedding”

“ဟင်”

“ ငါ့ သတို့သမီးက Ruby Jane တဲ့
ဟိုအပတ်ကမှ  နယူးဇီလန် က ပြန်လာတာ”

“ တယ်ဟုတ်ပါလား သူက ဘာအလုပ်လုပ်တာလဲ”

“‌ သားဖွားမီးယပ်ဆရာဝန်ပါ နာမည်ကြီးဘဲ သူ့နာမည်ကို အွန်းလိုင်းမှာ ရိုက်ရှာကြည့် ”

𝗜'𝗺 𝗬𝗼𝘂𝗿𝘀  [Completed]Where stories live. Discover now