လီဆာ အတန်းချိန်တွင်
လွယ်အိတ်ထဲထည့်ထားသည့်
ဟန်းဖုန်းဆီ ချယ်ယောင်းရဲ့ဖုန်းဝင်လာသည်။အတန်းတက်နေချိန်မို့ဖုန်း ringtoneကိုsilentလုပ်ရထားသည်။
Times skip»
အတန်းပြီးလို့ လီဆာ ဖုန်းဖွင့်ကြည့်တဲ့ အခါ ချယ်ယောင်းဆီက Miss call တွေအများကြီးရှိနေသည်ကိုတွေ့ရသည်။
"ချယ်ယောင်းက ဘာလို့ ဖုန်းတွေဒီလောက်ခေါ်ထားပါလိမ့်"
ထို့ပြင် ချယ်ယောင်းဆီမှ
Message တစ်ဆောင်ကိုလည်းတွေ့ရသည်။"အတန်းပြီးရင်ဟိုသစ်ပင်အောက်ကို လာခဲ့" ဆိုပြီး ရေးထားသော
Messageတိုလေးဖြစ်သည်။လီဆာ သည်လည်း ချယ်ယောင်း ညွှန်းတဲ့ သစ်ပင်ဆီအပြေးသွားသည်။
"လီဆာ ရောက်ပြီလား"
လီဆာက အပြေးလာခဲ့ရသဖြင့်
မောမောဖြင့် "အင်း"လို့သာ ပြန်ဖြေလိုက်သည်။ချယ်ယောင်းက ဘေးနားတွင်တင်ထားသည့် အအေးတစ်ဘူးကို
လီဆာဆီ ပေးလိုက်သည်။"နင့်ဖို့ဝယ်ထားတာ"
"ငါ့ကောင်မလေးက ချစ်စရာလေးကွာ"
လီဆာ က အအေးဘူးကို ဖောက်ကာ အားရပါးရသောက်ချလိုက်သည်။
"လီဆာ Australia သွားမဲ့ဟာက ဘယ်လိုဖြစ်သွားပြီလဲ"
"အဲ့တာလား အဲ့တာက နင့်သဘောဘဲ "
"ဟင် ဘယ်လိုလုပ်ငါ့သဘောလည်း သွားတာက နင်သွားရမှာလေ "
" ဟင်းး...ငါက နင်သွားခိုင်းမှ သွားမှာ နင်မသွားခိုင်းရင် မသွားဘူး "
" ငါက သွားစေချင်တယ်ဆိုရင်ရော လီဆာ"
" အဲ့တာဆို "
" လီဆာ နင်ငါ့ကို ထားခဲ့ရမှာကြောက်နေတာလား"
လီဆာက နှုတ်ခမ်း ဆူလာပြီး "အင်း" လို့သာပြန်ပြောသည်။
" ကြောက်စရာမလိုဘူး လီဆာ
ဒါက နင့်ရှေ့ရေးအတွက်၊နင့်အနာဂတ်အတွက်၊ ငါကြောင့်နင်မသွားဘူးဆိုရင် ငါက နင့်အတွက်
မနေ့ကပြောခဲ့သလိုဘဲ အတားအဆီးတစ်ခုလို့ ဖြစ်မနေဘူးလား...ငါလည်း နင်နဲ့ ခွဲရမယ်ဆိုတော့ စိတ်မကောင်းဖြစ်တယ်
ဒါပေမဲ့ နင်ဟိုရောက်သွားရင် ငါတို့ စာတွေ Messange တွေ....အင်တာနက်ကနေ တစ်ဆင့် ဆက်သွယ်လို့ရတာဘဲလေ...မဟုတ်ဖူးလား...တစ်ယောက်နဲ့တစ်ယောက် လုံးဝအဆက်သွယ်ပြတ်သွားမှာမှမဟုတ်တာ....အဲ့တာကြောင့် နင်သွားသင့်တယ်လို့ ငါထင်တယ်"
YOU ARE READING
𝗜'𝗺 𝗬𝗼𝘂𝗿𝘀 [Completed]
Horrorသူများအမြင်မှာတော့ မင်းက Devil ဖြစ်ချင်ဖြစ်လိမ့်မယ်.... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာ မင်းက တကယ့် Angel လေး ဖြစ်နေတယ်။🤍 [May9 2021] 📝 [May17 2021] By kir_runa