လီဆာ အိမ်သို့ပြန်ရောက်သွားသော် အခါ မထင်မှတ်ထားတဲ့ အရာတွေက သူ့ကို ကြိုဆိုနေသည်။
“ ရောက်ပြီလား လီဆာ”
ဆိုဖာ မှာ ထိုင်ပြီး အရက်သောက်နေတဲ့ အဖေနဲ့ ဘေးမှာ အဖေ့ အတွင်းရေးမှူးမ ။
အဖေက သူ့ပုခုံးကို ဖက်ထားသေးသည်။“သူက ဘာလို့ဒီကိုရောက်နေတာလဲ”
“ မတွေ့ရတာကြာပြီနော် သမီး”
အဲ့ဒီမိန်းမကြီးက လီဆာ့ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပေမဲ့ လီဆာကတော့ သူ့ကို မျက်နှာပြောင်တိုက်နေတာလို့ဘဲ မြင်သည်။
“ အဖေနဲ့ သူက တရားဝင်လက်ထပ်တော့မှာ”
“ဘာ”
“ဟုတ်တယ် သမီးရဲ့ သမီးကိုလည်း နားလည်စေချင်တယ်
သမီး အမေမရှိတော့ဘူးဆိုတော့
အန်တီကဘဲ သမီးအတွက် အမေကောင်းတစ်ယောက်ဖြစ်ပေးပါရစေ”“အော် အမေကောင်း? ငါ့အမေနေရာမှာ ရှင့်ကို အစားထိုးပေးရမယ်ပေါ့ ဟုတ်လား....ရှင် ပြောထွက်သေးတယ်နော်...အတွင်းရေးမှူးဆိုပြီး ဘယ်ကတည်းက အဖေနဲ့ ကြားမကောင်းတဲ့ လုပ်ရပ်တွေ လုပ်နေလဲဆိုတာ အမေ မဆုံးခင်တည်းက ကျွန်မ အကုန်သိတယ်....
နောက်တစ်ခါရှင်ရဲ့ ရွံစရာ ပါးစပ်ကနေ ကျွန်မရဲ့အမေ ဆိုပြီး လာမပြောနဲ့.....အဖေ့ကိုလည်း ပိုက်ဆံချမ်းသာလို့ လာတွယ်ကပ်နေတာဘဲမလား...ဟင်း.. ”“လီဆာ သမီး အဲ့လိုမဟုတ်...”
ထိုမိန်းမကြီးက လီဆာ့ကို တစ်ချက်မှ စိတ်မစိုးပေ။
“ ထွက်သွား ခုချက်ချင်း ငါ့အိမ်က ထွက်သွား ရှင့်လို အငယ်တွေအတွက် နေရာမရှိဘူး ထွက်သွား
ရှင့်ကို မမြင်ချင်ဘူး”လီဆာက အိမ်တံခါးကို လက်ညိုးထိုးပြီး ထိုမိန်းမကို မောင်းထုတ်တော့သသည်။
*ဖြန်း*
“နင် ဘာလို့ ဒီလောက် ရိုင်းစိုင်းနေရတာလဲ”
အဖေက လီဆာ့ပါးကို အားနဲ့ ရိုက်ချ လိုက်သည်။
ဒီမိန်းမတစ်ယောက်ကြောင့် မထိရက်မရိုက်ရက်တဲ့ သူ့သွေးသား အရင်းကို တောင် သူရိုက်လိုက်ရသည်။
YOU ARE READING
𝗜'𝗺 𝗬𝗼𝘂𝗿𝘀 [Completed]
Horrorသူများအမြင်မှာတော့ မင်းက Devil ဖြစ်ချင်ဖြစ်လိမ့်မယ်.... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာ မင်းက တကယ့် Angel လေး ဖြစ်နေတယ်။🤍 [May9 2021] 📝 [May17 2021] By kir_runa