Unicode
ကင်းလှည့်ရမယ်ဆိုလို့ ကင်ဒုံးရပ်ကွက်ကိုကားနဲ့လှည့်လည်ကြည့်လိုက်တယ်....ညဘက်ဖြစ်နေသောကြောင့် ဘယ်သူမှအပြင်မထွက်ကြသလို ထိုလမ်းကြောင်းဟာ တခြားလမ်းတွေထပ်ခြောက်ကပ်လို့နေတယ်...ထိုအချိန်အဝေးမှလှမ်းမြင်လိုက်ရတာက ကောင်လေးတစ်ယောက် တကုတ်ကုတ်နဲ့ချောင်မှာတစ်စုံတစ်ခုကိုလုပ်နေခဲ့တယ်.... လမ်းမီးရောင်ကြောင့်သာထိုကောင်လေးအားကောင်းကောင်းမြင်ရခြင်းသာ....
"အဲ့လူဘာလုပ်နေတာလဲ"
"မသိဘူးလေ မင်းသွားကြည့်လိုက်ပါလား taesan"
အဲ့ဒီနောက်မှာတော့ taesan ဆိုတဲ့ကောင်လေးက လက်နှိပ်ဓာတ်မီးအသေးလေးအားယူကာ ကားပေါ်ကဆင်းလာလိုက်တယ်.....
"Mr!Mr!ဘာလုပ်နေတာလဲ"
"........"
"Mr!"
ကောင်လေးထိုအနီးသို့သွားလေလေ မချိမဆန့်သောအော်သံသဲ့သဲ့အားကြားလိုက်ရသည်မို့ သူ့စိတ်အလုံးစုံလှုပ်ရှားသွားရတယ်...သူကအခုမှစလုပ်တဲ့အလုပ်သင်သာရှိသေးသည်မဟုတ်ဘူးလား...အနောက်ကိုလှည့်ကြည့်တော့ ခပ်လှမ်းလှမ်းကကားထဲမှာ တစ်စုံတစ်ယောက်အားဖုန်းပြောနေသောသူ့တွဲဖက်....ကောင်လေးစိတ်အေးအေးထားကာ ထိုလူဆီသွားကြည့်တော့ တဖြည်းဖြည်းပိုပီပြင်လာတဲ့အော်သံဟာ ကြောင်အော်သံဖြစ်နေသည်....
"Mr"
သူခပ်တိုးတိုးထပ်ခေါ်မိတော့ ထိုလူကလှည့်ကြည့်လာတယ် အသက်အရွယ်က 20 ဝန်းကျင်လောက်သာရှိသေးသောခပ်ချောချောကောင်လေးတစ်ယောက် သူ့အားပြုံးကာကြည့်လာတယ်...ထိုလူရဲ့လက်မှာလည်းသွေးအချို့ကပေကျံလို့နေသည်...ရုတ်တရပ်သူ့နှလုံးခုံသံဟာမူမမှန်တော့ပေ....သူဦးနှောက်ကသူ့အားအချက်ပြနေတယ်...သွားမကြည့်နဲ့တဲ့...ဒါပေမဲ့မသိစိတ်ကတော့ရှေ့ဆက်တိုးနေမိတယ်.....
"ဘာကိစ္စများရှိလို့လဲ"
" ဟို ကျွန်တော်တို့က ကင်းလှည့်ရဲတွေပါ Mr အကူအညီများလိုလို့လားလို့ပါ"
"အာ..မလိုအပ်တော့ပါဘူး"
ကောင်လေးထိုလူလက်အားစိုက်ကြည့်လိုက်မိတော့သွေးတွေနဲ့ ထိုသူကသူ့အားတစ်နေရာသို့လက်ညိုးထိုးပြတယ်.....