Unicode
jisaw လေးက taehyung နဲ့မတွေ့ခင်ကတည်းက စိတ်ရောဂါဖြစ်နေတာပါ taehyung နဲ့စတွေ့တုန်းက jisaw ကတစ်စုံတစ်ခုကိုမြေဖို့နေတယ်ဆိုတာ သူသတ်ထားတဲ့အကောင်သေတွေကိုမြေဖို့နေတာပါ သူ့ရဲ့မွေးစားမိဘတွေရဲ့ဒဏ်ကြောင့် ကောင်လေးက အကောင်သေးသေးလေးတွေကို တစ်စစီဖြစ်အောင်သတ်ပစ်ပြီး အဲ့အိမ်ထဲမှာပဲမြုပ်ထားတာပါ...သိတယ်မလား ဒေါသထွက်လာရင် လူသတ်ချင်စိတ်ပေါက်သလိုလေ..ကောင်လေးကအဲ့လိုစိတ်ထွက်ပေါက်ရှာခဲ့တာပါ...နောက်ပိုင်းသူ့ရဲ့တစ်ဦးတည်းသောတွယ်တာရသူကိုတွေ့တော့ သူကအစွမ်းကုန် taehyung ကိုကာကွယ်ပေးချင်ခဲ့ပြီး ပျော်ရွင်စေချင်ခဲ့တာပါ...အဲ့ဒီကနေဆက်တိုက်မှားသွားတာပါနော် တောင်ပေါ်မှာသေနေတဲ့သူက တခြားမဟုတ်ပါဘူး အရင်မွေးစားမိဘအိမ်က သူ့ဦးလေးပါ...မီးလောင်ပြီးနောက် ကောင်လေးကအမွေတစ်ဝက်ကိုရခဲ့ပါတယ်...ဒါပေမဲ့ဦးလေးဖြစ်သူက ကောင်လေးရဲ့နောက်ထပ်အမွေတစ်ဝက်ကိုပါထက်ပိုင်ဆိုင်ချင်တာကြောင့် အကြပ်ကိုင်ရာကလွန်ခဲ့တဲ့ ၅ နှစ်ကသူ့မွေးစားမိဘတွေကိုသတ်ခဲ့တဲ့အတိုင်းကောင်လေးကသတ်ခဲ့တာပါ...taesan ကိုကပ်ရတဲ့အကြောင်းကတော့ taesan ကအဲ့အမှုကိုလိုက်နေတာသိလို့ပါ... woo jisaw ကစိတ်မကျန်းမာပေမဲ့ အရမ်းဉာဏ်ကောင်းပါတယ်...လူတစ်ယောက်ကိုဘယ်လိုချင်းကပ်ပြီးသတ်ရမယ်ဆိုတာကိုလည်းကောင်းကောင်းသိပါတယ်..."မလာနဲ့!!ခင်ဗျားကြီးရှေ့တိုးလာရင် ကျွန်တော့်ကိုကိုနဲ့တိုင်မှာ!!ပြီးတော့ ခင်ဗျားကြီးက ကျွန်တော့်ကိုကိုမဟုတ်ဘူး!!" အဲ့တာက သူစိတ်ဖောက်နေတာပါ အရင်ကအကြောင်းအရာတွေကသူ့ရဲ့မသိစိတ်မှာကိန်းအောင်းနေပြီးတစ်ခါတစ်ရံထွက်ပေါ်တက်တာပါ စိတ်အားထက်သန်နေသောကြောင့် စူးရဲတောက်ပနေသည် ဆိုတာလူသတ်ချင်စိတ်ပြင်းပြတာကိုပြောတာပါ ဒါကြောင့် အပိုင်း၄ မှာ jisaw လေးကသူ့ကိုယ်သူတောင်ကြောက်နေခဲ့ပါတယ်လို့တွေးခဲ့တာပါ....
Hoseok ရဲ့ character က အဲ့မှာလူသတ်သမားပုံစံဖြစ်နေရတာကလည်း taesan ရဲ့ထင်မြင်ချက်တွေပါ woo jisaw သတ်ထားတဲ့အကောင်တွေကို hoseok နဲ့ taehyung ကလွှင့်ပစ်ရပါတယ်...ပထမပိုင်းမှာ hoseok လက်တွေကသွေးတွေနဲ့ရဲနေပြီး ကြောင်ဖြူလေးကိုကုသပေးနေတယ်ဆိုတာကလည်းတကယ်ပါ သူက phychology ဆရာဝန်ဖြစ်တာကြောင့်သူ့ပုံစံကတခြားလူတွေနဲ့သိပ်မတူဘဲ အေးစက်စက်ပုံစံဖြစ်နေတာပါ အမှန်ကသူကကြင်နာနွေးထွေးပြီး နားလည်မှုအပြည့်ရှိတဲ့သူပါ ဒါကြောင့်လည်း jisaw လေးကိုဆေးရုံမပို့ပဲ အိမ်မှာပဲကုသစေတာပါ....