Unicode
ရုံးပိတ်ရက်ဖြစ်တာကြောင့် alarm ပေးစက်အားပိတ်ကာ taesan တစ်ယောက်အိပ်ရာပေါ်လူးလွန့်ရင်း ပြန်အိပ်လိုက်သည်....ခဏအကြာမှာတော့ သူထကာ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်စေတယ်...သူအိပ်လို့မရတော့ဘူး ဘာလို့ဆိုသူဗိုက်ကဆာလောင်နေပြီလို့အချက်ပြနေတယ်...
ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ ဘာမှမတွေ့ရဘူး...ဟင်းးးသူတစ်ပတ်စာဝယ်ထားတာကုန်သွားပြီထင်ပါရဲ့ ပိုက်ဆံအိတ်ကောက်ဆွဲကာ hoodie အနက်လေးဝတ်ပြီး အနီးအနားက Market ကိုသွားလိုက်တယ်...taesan အခုထိအိပ်ချင်မူးတူးဖြစ်နေသေးတာကြောင့် သူ့မျက်လုံးထဲဝင်လာသည်များကိုပင်သေချာမကြည့်နိုင်ဘဲ ခြင်းတောင်းထဲကောက်ထည့်နေလိုက်တယ်...အအေးဘူးဘက်ရောက်တော့ cola ရယ် beer တချို့ကိုကောက်ထည့်လိုက်တယ်...သူအများကြီးတော့ဝယ်လို့မရဘူး သူရတဲ့လစာအရမ်းနည်းနေသေးတော့ အသင့်စာတချို့လောက်သာဝယ်ပြီး ငွေရှင်းကောင်တာကိုသွားတော့ တွေ့လိုက်ရတာက ဟိုဒေါက်တာ...ပြီးတော့ ကောင်လေးကောပဲ...သူ့ကိုတော့မြင်ပုံမပေါ် ဒေါက်တာ hoseok ဆိုသူကကောင်လေးကိုပြုံးပြုံးလေးနဲ့ဘာတွေပြောနေမှန်းမသိပေမဲ့ ကောင်လေးကရုပ်တည်နဲ့သာ....ဘာလို့မှန်းမသိကောင်လေးကို သူတို့နဲ့စိတ်မချမိဘူး....သူသွားနှုတ်ဆက်ရင်ကောင်းမလားမကောင်းဘူးလားအတွေးလွန်နေတုန်း ကောင်လေးကသူ့ကိုမြင်သွားပြီးသူ့ဆီကိုပြေးလာတယ် hoseok ဆိုတဲ့လူကသူ့ကိုတွေ့တော့နည်းနည်းရုပ်တည်သွားပေမဲ့ သူ့ဆီကိုအပြုံးတစ်ခုနဲ့လျှောက်လှမ်းလာတယ်....
"ခင်ဗျားက taesan မလား"
ခေါင်းလေးစောင်းပြီးမေးနေပုံက ချစ်စရာအတိ....
"ကျွန်တော်တောင်းပန်ပါတယ် ဟိုတစ်နေ့က ကိစ္စအတွက်"
"ရပါတယ်"
"Taesan နဲ့သူငယ်ချင်းလုပ်လို့ရမလား"
"ကလေး သူစိမ်းတွေနဲ့မပတ်သတ်ရဘူးလို့ကိုကိုပြောထားတယ်လေ မေ့နေတာလား"
ကောင်လေး အနောက်ကလမ်းလျှောက်လာကာပြောလာတဲ့ စကားကြောင့် ကောင်လေးမျက်နှာကညိုးငယ်သွားတယ်....