Unicode
သူ့စကားအား Mr. Kim တို့မအံ့သြပုံထောက်ရင် သူတို့ကဒီအခြေအနေကိုသိနေပုံပေါ်သော်လည်း ကူညီချင်ဟန်ပေါ်သောကြောင့် ခေါ်လာလိုက်တယ်... ကင်ဒုံးရပ်ကွက်နဲ့တောစပ်နားကိုသွားရတာအနည်းငယ်ကြာသည်မို့ သူတို့တောစပ်ကိုရောက်တော့ညနေ 5 နာရီခွဲချေပြီ...
(Mr. Lee taehyung တို့အိမ်လာကတည်းနေ့လည်ရောက်နေပါပြီနော်)တောစပ်ဖြစ်လို့ အမှောင်ရိပ်ပိုများတယ်လို့ထင်မှတ်ရကာ Mr. Lee မကြောက်မရွံ့သာ တောထဲဝင်သွားလိုက်သည်...အနောက်က taehyung နဲ့ jungkook လည်းလိုက်လာကြသည် hoseok ကမြွေတွေကင်းတွေကြောက်တက်၍ ကားထဲမှာသာထိုင်နေသည်.....
Mr. Kim တို့နဲ့တစ်နေရာစီလူခွဲရှာရန်အစီအစဥ်ဆွဲရင်း Woo jisaw ခေါ်ထားတဲ့အဆောက်အအုံပျက်ဆီဦးတည်လိုက်တယ်...သေနတ်ကိုသေချာချိန်ရင်း သူခြေသံဖွဖွနင်းကာတစ်ခန်းဝင်တစ်ခန်းထွက် သူ့တပည့်အားလိုက်ရှာသည်...အဆောက်အအုံကမီးလောင်ထားတဲ့အိမ်ပျက်ကြီးတစ်လုံးဖြစ်ပြီး နေရာတိုင်းက မဲနေကာ အုံ့မှိုင်းလို့နေသည်....
ကျီ!....
နှစ်ကြာ၍အိုဟောင်းနေသော တံခါးဖွင့်သံဟာ ဘယ်နေရာကလာလို့လာမှန်းပင်မသိ သူဒီအဆောက်အအုံထဲပတ်နေသည်မှာ နာရီဝက်ဖြစ်ချေပြီ ယခုထိလူသားဟူ၍ အရိပ်ပင်မမြင်ရပေ....
ဒေါက်!
အနောက်ဘက်ကအလစ်ချောင်းရိုက်ခံရပြီး Mr. Lee လဲကျသွားတော့သော်လည်းသတိမေ့မသွားအောင်မနည်းထိန်းထားရသည်မို့ သူ့အာရုံက သတိရတစ်ချက်မရတစ်ချက်ဖြစ်လို့နေသည်....သူ့အားခြေထောက်မှပြောင်းပြန်တရွတ်တိုက်စွဲယူသွားသည်ကိုသိရှိရသလို မျက်လုံးပေါ်ကစီးကပ်ကပ်အရည်တစ်ချို့က မျက်လုံးပေါ်ဖြတ်သန်းစီးဆင်းတယ်....
လူတစ်ယောက်ကို ခွေးတစ်ကောင်လို ကမ်းပြင်၌တရွတ်တိုက်ဆွဲလာသော ထိုကောင်လေးရဲ့မျက်နှာဟာကြောက်စရာကောင်းလို့နေပြီး ပါးစပ်မှလည်းတတွတ်တွတ်ရေရွတ်နေတော့သည်....
"နောက်ဆုံးတော့ကိုကိုပျော်ရွင်ရတော့မယ်..နောက်ဆုံးတော့ ကိုကိုပျော်ရွင်ရတော့မယ်..နောက်ဆုံးတော့ကိုကိုပျော်ရွင်ရတော့မယ်.."