Unicode
နေ့လည်ရောက်ပြီမို့ သူစားနေကျဆိုင်လေးဆီသို့ taesan ထွက်လာခဲ့တယ်....
"Arjima ပဲခေါက်ဆွဲတစ်ပွဲချပေးပါ ကြက်ဥနဲ့နော်"
"Nae....nae"
Taesan စားပွဲခုံအလွတ်မှာထိုင်ရင်း ဖုန်းကြည့်နေလိုက်တယ်...ထိုအချိန်သူ့အနားကလူတစ်ချို့ရဲ့တီးတိုးပြောသံကိုသူကြားလိုက်ရတယ်.....
"ကြောင်လေးကွာချစ်စရာလေး...ဘယ်ကောင်သတ်သွားလဲမသိဘူးရစရာတောင်မရှိဘူးသေနေတာ"
"အေး..ငါဟိုတစ်ခါကအမှိုက်သွားပစ်တော့လည်းလေ ခွေးပေါက်လေးကွာ သေနေတာ ငါအန်တောင်အန်ခဲ့တယ်"
"ဘယ်စိတ္တဇကောင် သတ်ထားလဲမှမသိတာ"
"အေးကွာ ငါတကယ်သနားလိုက်တာသူတို့လေးတွေကို"
Taesan ထိုဝိုင်းဘက်သို့လှည့်လာကာ မေးလိုက်တယ်.....
"အကောင်တွေသေနေတာလား"
"အမ်...nae..nae.."
သူ့ရဲ့ရဲဝန်ထမ်းအင်္ကျီကြောင့် ထိုလူတွေကနည်းနည်းရှိန်နေကြတယ်...သူ့ကိုအခုမှမြင်ကြပုံပင်.....
"အခုတလောသေနေတာလား"
"ဖြစ်တာက တစ်လလောက်ကိုရှိပြီ ဒါပေမဲ့ ဒီတစ်လောပိုဆိုးလာတယ်"
".....ဘယ်သူလုပ်လဲမသိဘူးလား"
သူ့စကားကိုအကုန်လုံးက ခေါင်းခါပြတယ်...taesan အလေးအနက်ထားစဥ်းစားရင်း သူတို့အားကျေးဇူးတင်စကားပြောပြီး မိမိထိုင်ရာသို့လာတော့ ပဲခေါက်ဆွဲကရောက်နေလေပြီမို့အစားကိုသာအာရုံစိုက်လိုက်သည်....စားသောက်ပြီးပြန်လာတော့ သူအမြဲကျွေးနေကျလမ်းဘေးကြောင်လေးရှိရာပန်းခြံထဲသို့ဝင်ရင်း ကြောင်လေးအားခေါ်လိုက်သည်နဲ့ အဖြူနဲ့အဝါစပ်ထားတဲ့ကြောင်လေးက ခြုံပုတ်လေးထဲကထွက်လာသည်... ...ဒါလေးကသူ့အတွက်အပန်းဖြေရာနေရာလေးတစ်ခုပေါ့ seoul မှာ သူ့အတွက်တွယ်တာစရာက သူ့ဆရာပြီးရင် ဒီကြောင်လေးပဲ သူအမှန်တကယ်သံယောစဥ်တွယ်တာသည်...တစ်ခါတစ်ရံကြောင်လေးကိုလည်းရင်ဖွင့်ဖြစ်သေးသည်...သူပြောတိုင်းကြောင်လေးက ခေါင်းလေးထောင်ကာနားထောင်တက်သေးသည်....ကြောင်လေးကိုမြင်မှ စားသောက်ဆိုင်ထဲကြားခဲ့တဲ့စကားကြောင့် သူပြန်ကြားယောင်မိတယ်...ဒီကြောင်လေး အဲ့ဒီစိတ္တဇသမားနဲ့မတွေ့ဖို့ရာသာ ဆုတောင်းရတော့မည်...
(Taesan ကအဆောင်မှာနေတာမို့ တိရိစ္ဆာန်ခေါ်ခွင့်မရှိပါဘူးနော်)