Unicode
စိတ်တွေဝေးလို့ လူတွေဝေးကြတာလား
လူတွေဝေးလို့ပဲ စိတ်တွေဝေးကြတာလား
အဲ့လိုနဲ့ Edelweiss မပါဝင်တဲ့ မနက်ခင်းတွေဟာ မှောင်လို့ မိုက်လို့... ။🌸
Boston တွင်နေထိုင်ခြင်းသည် ခတ်ခဲကြောင်း Lisa သိပါသည် ။ သို့သော်လည်း သူ့ရဲ့ Kim ကို စိတ်ချလုံလောက်နိုင်တဲ့အထိ အတိုင်းအတာရောက်မှသာ Kim ကိုလက်ထပ်ယူနိုင်ပေမည် ။
ဒါက သူ Kim ကို စတွေ့ချိန်မှာဘဲ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်သည် ။ Kim နဲ့ ခွဲရခြင်းသည် ခတ်ခဲမည်ဆိုတာ သူ သိထားတာတောင်မှဘဲ ခတ်ခဲတာထက်ကို ပိုနေခဲ့သည် ။
Kim နှင့်ဖုန်းပြောတိုင်း Kim မျက်နှာလေးကို ဖုန်း Screen ကနေသာ ထိတွေ့နိုင်တိုင်း သူ ဆုံးဖြတ်ခဲ့တာက မှားနေသလိုခံစားရတာကြောင့် Kim ကို ရှောင်နေခဲ့ဖို့ ဆုံးဖြတ်လိုက်သည် ။
Kim ဘက်ကနေ ပထမဦးဆုံး 'လွမ်းတယ်' ဟု ပေးပို့လာသောအချိန်တွင် Lisa သည် ကိုရီယားကို အခုချက်ချင်းပြန်ချင်စိတ်ပေါက်သွားပြီး လေယာဥ်လတ်မှတ်ပါဖြတ်ခဲ့သော်လည်း Chaeyoung က တားခဲ့လေသည် ။
ထိုညက အမူးသောက်ရင်း Kim ကို ဖုန်းခေါ်ရန် နှိပ်လိုက်သော်လည်း လက်တွေ့မှာ Jane ဆီကိုသာ ခေါ်ဖြစ်သွားသည် ။ Jane အား မည်မျှအထိ Kim ကို လွမ်းနေကြောင်း ပြောပြနေရင်းမှ ဘဝမှာ အသက်ဆယ်နှစ်ကျော်ကာမှ ပထမဆုံးအနေနဲ့ Lisa ငိုသည် ။
နောက်နေ့စိတ်တွေပုံမှန်ဖြစ်သွားတာနဲ့ ဥပဒေကျောင်းသူဖြစ်တာနဲ့အမျှ အိမ်စာတွေကို Lisa အမှီလိုက်ရပြန်လေသည် ။ အဆင့်ကောင်းအောင် ထိန်းရန်သည် ပင်ပန်းသည် ။ အဲ့တာထက် ထိပ်တန်းကျောင်းသူပုံရိပ်ကို ထိန်းသိမ်းရတာ ပို၍ပင်ပင်ပန်းလှလေသည် ။
ဤကဲ့သို့သောကျောင်းမျိူးမှာ သူ ထိုပုံရိပ်ကိုထိန်းသိမ်းထားနိုင်လျှင် သူရဲ့ တစ်ဘဝစာမှာ လုံလောက်သွားနိုင်လေသည် ။ ဒါကြောင့် Kim ကို စာလည်းမပြန်ဖြစ်သလို ဖုန်းတောင်မဆက်နိုင်ဘဲ မှောက်အိပ်သွားတဲ့အထိ အရမ်းကိုကြိုးစားခဲ့ပါသည် ။
စာကျက်နေရာမှ နှာခေါင်းသွေးလျှံလာတဲ့အတွက်ကြောင့် သုတ်နေရာမှ Jane ဆီကနေ ဖုန်းဝင်လာလေသည် ။ သူမ နှာခေါင်းထဲကို တစ်သျှူးထိုးထည့်လိုက်ကာ ဖုန်းကို ကိုင်လိုက်လေသည် ။
YOU ARE READING
Edelweiss
Romanceအပြုံးတွေနဲ့မှ အသက်ဆက်နိုင်တာမျိူးပါ Edelweiss တချိူ့သော ရူးမိုက်ခြင်းတွေမှာ အကြောင်းပြချက် ကင်းမဲ့ပါတယ်...။