Unicode
နောင် ဘယ်နှဘဝအထိမို့လို့လည်း Edelweiss
စောင့် ဆိုလည်း ဥယျာဥ်မှူးဟာ ခပ်ပြုံးပြုံးနဲ့
လက်ခံခေါင်းငြိမ့်ခဲ့...။🌸
အသက် နှစ်ဆယ့်တစ်နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ မိန်းမတစ်ယောက်ဟာ အမျိူးသမီးဝတ်ကုတ်အင်္ကျီကို ကျနစွာဝတ်ဆင်ထားပြီး သူ့ရဲ့ လက်ဂေ့ချ်ကို လက်မှဆွဲကာ လေဆိပ်ကနေ ထွက်လာလေတယ် ။ နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း မရှူရှိုက်ဖြစ်တာ ကြာပြီဖြစ်တယ် ဟန်းဂု(ကိုရီးယား)မြေရဲ့ လတ်ဆတ်တဲ့လေထုကို ရှူရှိုက်လိုက်တယ် ။
" Kim ကျွန်မ ပြန်ရောက်ပြီ "
လေဆိပ်အပြင်ဖက်ကို ထွက်လိုက်လိုက်ချင်းဘဲ သူ ဟိုမှာကတည်းက ကြိုငှားထားခဲ့တဲ့ ဒရိုင်ဘာဟာ L.Manoban ဆိုတဲ့ သူမနာမည်နဲ့ ဆိုင်းဘုတ်ကို ကိုင်ထားကာ စောင့်နေလေတယ် ။
သူ့ဆီကို သွားလိုက်ကာ အလွတ်ရနေတဲ့ လမ်းနာမည်နဲ့ အိမ်နံပါတ်ကိုပါ ပြောလိုက်လေတယ် ။ ဒရိုင်ဘာဟာ တစ်လမ်းလုံး သူမကို ဆက်စပ်မိရာ အကြောင်းအရာမှန်သမျှကို ပေါက်ပေါက်ဖောက်ရင်း မောင်းလာလေတယ် ။
နောက်တော့ ထိုအိမ်ရှေ့မှာ သူမ အချိန်တော်တော်ကြာတဲ့အထိ ရပ်နေလိုက်ရင်း ခဏကြာတော့မှ အိမ်တံခါးရဲ့ Password ကိုနှိပ်ရန်ပြင်လိုက်တယ် ။
Kim ပြောင်းပစ်လိုက်မယ်လို့ ထင်ထားသော်လည်း အိမ်တံခါးဟာ ပွင့်သွားလေတာကြောင့် Lisa မထင်မှတ်ဘဲ ပြုံးမိသွားလေတယ် ။ Kim ဟာ မပြောင်းရက်တာလား ပြောင်းဖို့မေ့နေတာများလား ။ ကိုယ့်စိတ်ကို ကိုယ်အကောင်းဆုံးနှစ်သိမ့်ဖို့ရာ ပထမတစ်ခုလို့ဘဲ Lisa ကိုယ့်ဘာသာ မှတ်ယူလိုက်တယ် ။
အိမ်ထဲကိုဝင်လိုက်တဲ့အခါ အိမ်ရဲ့တစ်ချိူ့နေရာတွေဟာ ပြောင်းလဲသွားလေပြီ ။ မီးဖိုချောင်မှာ ရေခဲသေတ္တာအသစ်ကို လဲထားလေပြီး ဧည့်ခန်းရဲ့ နံရံအရောင်ကို အညိုရောင် ခပ်ဖျော့ဖျော့ကနေ ခရမ်းအနုရောင်လေးပြောင်းသုတ်ထားလေတယ် ။
သူမ အရင်ကနေတဲ့အခန်းတံခါးကိုတော့ သော့ခတ်ထားတာတွေ့ရတာကြောင့် သူမ ကုတ်ကိုချွတ်လိုက်ပြီး ဧည့်ခန်းထဲက ဆတ်တီခုံအကြီးကြီးပေါ်မှာ ခြေပစ်လက်ပစ်လှဲလိုက်တယ် ။
YOU ARE READING
Edelweiss
Romanceအပြုံးတွေနဲ့မှ အသက်ဆက်နိုင်တာမျိူးပါ Edelweiss တချိူ့သော ရူးမိုက်ခြင်းတွေမှာ အကြောင်းပြချက် ကင်းမဲ့ပါတယ်...။