THE JENNIE KIM

2.3K 156 11
                                    

⚛ Rocommended song ⚛
Can you see my heart? - Heize

Unicode

Jisoo Kim ဒါမှမဟုတ် တို့ လေးစားရတဲ့ Chu အတွက်

ပထမဆုံး အနေနဲ့ တို့ တောင်းပန်ပါတယ် Chu
ပြီးတော့ ကျေးဇူးတင်ပါတယ် ။

ပွင့်လင်းချင်ယောင်ဆောင်တယ် ။ အပေါင်းအသင်းတွေအများကြီးထားတယ် ။ နှလုံးသားကိုအလိုလိုက်သယောင်နဲ့ တကယ်တမ်း ဒါတွေအားလုံးက တို့ရဲ့ အားနည်းချက်တွေပါဘဲ ။ တကယ်တမ်း ပြေးကြည့်လိုက်ရင် အစစ်အမှန်ဆိုလို့ တစ်ယောက်တည်းဘဲ တို့ဘေးမှာရှိခဲ့တယ် ။ အဲ့တာက Chu ပါဘဲ ။

တို့ အပြစ်ရှိသလို ခံစားရတယ် ။ Edelweiss တွေက ရိုးသားရဲ့လားလို့ မင်းမေးတဲ့အခါ တို့မှာတော့ မင်းအတွက် တောင်းပန်ပါတယ်ဆိုတဲ့ အဖြေပဲ ရှိခဲ့တယ် ။နာကျင်စွာဘဲ ပြောရရင် မင်းရဲ့ Edelweiss လေးကတော့ ရိုးသားခဲ့ပါတယ် ။ နောက်ဆုံးအထိ သူကလေ မင်းကိုဘဲ ရွေးချယ်သွားခဲ့တယ် ။ တို့ရဲ့ စိတ်အလုံးစုံကိုတော့ မင်းကဘဲ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ။

ဒါပေမယ့် တို့ မင်းတို့ ၂ ယောက်ကို နီးစပ်စေချင်ခဲ့တဲ့ စိတ်ကတော့ ရိုးသားခဲ့ပါတယ် ဒါကိုတော့ ယုံပေးပါ Chu ။ တို့ နောက်ဆုံး မျက်ခွံကို မှိတ်လိုက်တဲ့အချိန်မှာ တို့ တန်ဖိုးထားရတဲ့ မင်းကို တို့ချစ်ရတဲ့ သူနဲ့ လက်တွဲသွားတယ်ဆိုတဲ့အသိလေးဘဲ ရှိချင်ခဲ့တယ် ။ ဖြူစင်သော အတ္တတော့ ဖြစ်ခဲ့မယ် ထင်ပါတယ် ။

နယူးဇီလန်က ယူကလစ်တက်စ် ပန်းလေးတွေကို မှတ်မိလား Chu ။ အဲ့ပန်းတွေက တို့နဲ့ တူတယ် ။ အပြင်ပန်းမှာ လှပသယောင်ယောင်ရှိပေမယ့် တကယ်တမ်းတော့ ထိတွေ့မှု သေးသေးလေးတစ်စုံတစ်ရာကတောင် တို့ကို အရမ်းတုန်လှုပ်စေခဲ့တယ် ။

တို့ တကယ်မရည်ရွယ်ခဲ့ပါဖူး ။ တို့ကြောင့် မင်းတို့ ၂ ယောက် ပြဿနာတွေဖြစ်ခဲ့မှန်းသာသိရင် တို့ Liz ကို ဆက်ပြီး တွယ်ကပ်နေမှာမဟုတ်လောက်ဘူး ။ မင်းအတွက် နာကျင်စေတဲ့ ပုံရိပ်ယောင်မျိူးအနေနဲ့ တို့ မကျန်ခဲ့ချင်ဘူး ။ ထပ်ပြောရရင် တို့ ဒီဇာတ်လမ်းရဲ့ ဗီလိန်မဖြစ်ချင်ခဲ့ပါဖူး ။

EdelweissWhere stories live. Discover now