Unicode
အဖူးအငုံကတည်းက ချစ်ပေးခဲ့တဲ့ လူပါ
Edelweiss ရယ်...
ပန်းပွင့်လေးကို နမ်းလိုက်တဲ့အခါ
ရုတ်တရက်ဆိုသလို ပြုံးမိသွား...။🌸
စာမေးပွဲကာလ အပြီးမှာ Lisa လိုအပ်တဲ့သင်တန်းတွေ လိုက်တတ်ရင်း အလုပ်ရှူပ်နေသည်
နိုင်ငံခြားမှာ ကျောင်းတတ်ဖို့ဆိုတာ အင်္ဂလိပ်လို ပြောတတ်သည့် Lisa အတွက်တောင် လွယ်ကူမနေခဲ့ပါ...သင်တန်းဆင်းလတ်မှတ်တွေ အမြောက်အများကို လက်ထဲ ကိုင်သွားနိုင်မှ Boston ရဲ့ ဟားဗတ် လိုကျောင်းမျိူးမှာ သူ အသက်ရှူရဲမှာဖြစ်သည်...
သို့သော် နောက်ဆက်တွဲတွေကို စဥ်းစားတိုင်း Lisa ပင်ပန်းရပါသည်..
ကျောင်းသွားတတ်သည့်အခါ Kim ရဲ့ အငွေ့အသက်တွေကို ခွဲခွာရမည် ဖြစ်သည်...
ဒါပေမယ့် နှိုင်းယှဥ်လာသည့် အရာက သူ့ရဲ့ အနာဂတ်ဖြစ်နေသည်...
အတ္တကြီးတယ်ပဲ ဆိုပါစေ Kim
အနာဂတ်မှာ Kim ကို ပြီးပြည့်စုံစေဖို့
ကျွန်မကလည်း အောင်မြင်မှ ဖြစ်မှာမို့လို့...။" Monoban ပင်ပန်းလား "
Kim ရဲ့ ရုံးပိတ်ရက်... Lisa ရဲ့ သင်တန်းအားတဲ့ ရက်တစ်ရက်မှာ သူမတို့ ပျော်ပွဲစားထွက်ခဲ့သည်
မြက်ခင်းစိမ်းစိမ်းတွေရဲ့ တစ်နေရာမှ Kim ရဲ့ပေါင်ပေါ်ကို သူ ခေါင်းအုံးရင်း မျက်နှာပေါ် ဖြာကျနေသည့် နေရောင်နုနုလေးကို ခံစားလိုက်သည်
" Kim ကို လက်ထပ်ဖို့ပဲလေ ကျွန်မက ကြိုးစားမှဖြစ်မှာပေါ့ "
Kim ပြုံးလိုက်မှာကို သူ မျက်စိမှိတ်ထားသော်လည်း ခံစားမိသည်...
" ဟုတ်ပါပြီရှင် "
သူ့ရဲ့ ဆံပင်တွေကို Kim က လက်နဲ့ ခပ်ဖွဖွ ပွတ်ပေးနေသည်...
" ဒါပေမယ့် တို့ အခြေအနေက အဆင်ပြေပြီးသားလေ Monoban မင်းက ဘာကို ထပ်ကြိုးစားမှာလည်း? "
Lisa က ပြုံးလိုက်ရင်း မျှော်လင့်ထားသည့် မေးခွန်းကို ဖြေလိုက်သည်....
" ဒါက ကိုရီးယားနိုင်ငံလေ Kim...
ကျွန်မတို့က မိန်းကလေးနှစ်ယောက်... လက်ထပ်ကြတဲ့အခါ ကျွန်မ ကောင်းကောင်း အဆင်ပြေနေမှ ရမှာ... နို့မို့ဆို.. "
YOU ARE READING
Edelweiss
Romanceအပြုံးတွေနဲ့မှ အသက်ဆက်နိုင်တာမျိူးပါ Edelweiss တချိူ့သော ရူးမိုက်ခြင်းတွေမှာ အကြောင်းပြချက် ကင်းမဲ့ပါတယ်...။