Edelweiss 27

2.3K 159 12
                                    

Unicode

လှပတဲ့ ချစ်ခြင်းမေတ္တာတွေ မင်းအတွက် အကုန်

🌸

" အားလုံးကို နောက်ဆုံးအနေနဲ့ ညစာလိုက်ကျွေးပါမယ်နော် "

Jisoo သည် ရုံးထဲက သူမပစ္စည်းများထည့်ထားသော စက္ကူပုံးလေးကို စားပွဲပေါ်တင်လိုက်ရင်း ပြောလိုက်တော့ ဝန်ထမ်းများက စိတ်မကောင်းသည့် မျက်နှာနှင့်သူမကို ကြည့်လာသည် ။ သူမ အနောက်မှတော့ Mr.Cha က ရပ်နေလေပြီး သက်ပြင်းချလေသည် ။

ဒီနေ့ သူမ အလုပ်ထွက်စာတင်လိုက်သည့်နေ့ဖြစ်သည်
သူမ ထွက်စာကို ဥက္ကဋ္ဌဆီ တိုက်ရိုက်သွားတင်ပြီး နောက်နေ့မှ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးခဲ့တာဖြစ်လေသည် ။

" Sooya ကိုယ်တို့ စကားခဏပြောကြမလား "

🌸

အလုပ်လုပ်တာတိကျပြီး ထက်မြက်သော လူတစ်ဦး ဆုံးရှူံးသွားရခြင်းကြောင့် သူ နှမျောရပါသည် ။ Jisoo Kim သည် သူ (Mr.Cha Eunwoo) ၏ ငယ်သူငယ်ချင်းလည်းဖြစ်တာကြောင့် ရင်းနှီးစွာ ဆွေးနွေးနိုင်သည့် တစ်ဦးတည်းသော သူဖြစ်လေသည် ။

ပြီးတော့ သူမကို သူ နှစ်နှစ်ကာကာမြတ်နိုးဖူးပါသည် ။သူမ ဘက်က ခတ်ခဲစွာ တုန့်ပြန်လာသည်ကလွဲ၍ပေါ့ ။
သို့သော်လည်း သူမရဲ့ မိန်းကလေးကို သူမြင်လိုက်ရပြီးနောက်မှာ Jisoo အတွက် ဝမ်းသာခြင်းတစ်ခုသာ ကျန်ရှိတော့လေသည် ။

" အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Eunwoo ya "

သူက နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး သူမကို ခေါင်းငြိမ့်ပြလေသည် ။ Company အောက်က ကော်ဖီဆိုင်လေးမှာထိုင်နေကြခြင်းဖြစ်ပြီး အချိန်အားဖြင့်တော့ နေ့လည်ခင်းဖက်ဖြစ်လေသည် ။

" ကိုယ့်အတွက် အကြံဉာဏ်တစ်ခုခုများရှိမလား "

သူမ နားမလည်သလို သူ့ကို ကြည့်လိုက်တော့ သူက အနည်းငယ်အေးနေပြီဖြစ်သည့် ကော်ဖီကို တစ်ငုံမော့သောက်လိုက်ရင်းမှ သူမကို ပြောလေသည် ။

" အရာအားလုံးက မလွယ်ကူဘူးမလား ဘောင်ခတ်ထားတဲ့ လူ့ဘောင်ကို အဖက်မလုပ်ဖို့ မင်းလိုမျိူး ကိုယ့်မှာ သတ္တိမရှိဖူးဖြစ်နေတယ် "

EdelweissWhere stories live. Discover now