#Unicode
မောင်နဲ့လက်ထက်သည့်နေ့...
အပျော်ကြီးပျော်ခဲ့သည့်နေ့ပေါ့။မေမေ့ကိုထယ်ယောင်း တစ်သက်လုံးကျေးဇူးတင်နေမိမှာ။မောင်နဲ့ဆုံးစည်းခွင့်ပေးခဲ့လို့လေ...
"ထယ်ယောင်းကိုသေချာအပ်ပါတယ် သမက်ဂျွန်
စောင့်ရှောက်ပေးပါ ငယ်သေးတော့ အမြင်မတော်တာဆိုလဲ ဆုံးမပေါ့ ""ဟုတ်ကဲ့ ကျွန်တော်စောင့်ရှောက်မှာပါ"
လက်ဖွဲ့ပေးသောအိမ်ကို သွားမည့်ဆဲဆဲ မျက်ရည်တွေနှင့် အမှာတော်ပါးနေသည့်မေမေ။
"မေမေ ယောင်းကဒီနိုင်ငံက ထွက်သွားမှာမဟုတ်ဘူးလေ"
ထိုသို့ပြောတော့ ဒီကလေးတော့ဆိုသောအကြည့်နှင့် ကြည့်လာသည့်မေမေပါလေ....
"ကဲသားတို့သွားကြတော့လေ ထယ်ယောင်းလေးလဲ ပင်ပန်းထားတာ နားချင်ရောပေါ့"
မောင့်မေမေရဲ့စကားကြောင့် ထိုနေရာမှ လက်ဖွဲ့ထားသည့်အိမ်ရှိရာကို နှစ်ယောက်အတူထွက်လာခဲ့ကြသည်။
ကားထဲကလေထုသည် ပုံမှန်ထက်အေးစက်လျက်။မောင်က ကားမောင်းခြင်းကိုသာ ဂရုစိုက်နေသလို ထယ်ယောင်းသည်က အပြင်ဘက်ကိုသာ ငေးမောရင်းလိုက်ပါခဲ့သည်။
"ရောက်ပြီ ထယ်ယောင်းအဆင်ပြေတဲ့အခန်းသုံးနော်"
မမျှော်လင့်ခဲ့သော ပထမဦးဆုံးရင်ကို ခွဲသည့်စကားဖြစ်သည်။ကျွန်တော်ဟာ မောင်နှင့်အတူနေချင်သည်ဟု ထုတ်မပြောဖြစ်ခဲ့ပါ။မာနဆိုသော အလွှာပါးကခြားနေသည်လေ။
Luggageကိုဆွဲကာ အောက်ထပ်ကအခန်းတစ်ခန်းစီဝင်သွားလိုက်ရင်း ပထမဆုံးအကြိမ် မျက်ရည်ဝဲခဲ့မိသည်။မောင့်ပြစ်ပယ်မှုကို ထိုနေ့မှစလို့ လက်ခံရရှိခဲ့ပါသည်။
"ထယ်ယောင်း! "
အိပ်ယာပေါ် ခွေနေမိရာက အိပ်ပျော်သွားသည်။တံခါးခေါက်သံကြောင့် ထဖွင့်မိတော့ မောင်က ရေချိုးထားသည့်ပုံ သန့်လို့ပြန့်လို့...
"ထယ်ယောင်း အပြင်မှာ ညနေစာထွက်စားရအောင်"
"အင်း ကျွန်တော်ရေချိုးဦးမယ်"
