1

7K 609 20
                                    

#Zawgyi

လွန်ခဲ့သော ၃နှစ်ခန့်က...

မေမေစီစဉ်ပေးတဲ့ blind dateတစ်ခုကို ထယ်ယောင်းသွားရမည်။
မေမေ့မိတ်ဆွေရဲ့ သားတဲ့လေ..

" ယောင်းရေ မေမေဝင်လာမယ်နော် "

သွားခါနီးကိုစိတ်မချနိုင်ဖြစ်ပြီး လာကြည့်တာဖြစ်မည်။

" ယောင်း ဘာဝတ်သွားမှာလဲ မေမေရွေးပေးရမလား "

" မေမေတို့များနော် တစ်ယောက်တည်းရှိတဲ့သားလေးကို သူများလက်ထဲအရမ်းထည့်ပေးချင်နေပုံပဲ တက်ကြွနေလိုက်တာ "

" အို အရွယ်ရောက်နေပြီပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမှာပေါ့ "

ပြောလဲပြော ဗီရိုထဲကအဝတ်တွေကို တစ်ထည်ပြီးတစ်ထည်ဆွဲထုတ်ကာ သူမစိတ်ကြိုက် ကြည့်နေတော့သည်။

မေမေနဲ့သူ့ဆက်ဆံရေးက သူငယ်ချင်းလိုတစ်မျိုး သားမိလိုတစ်မျိုး သိပ်ကိုရင်းနှီးသည်။

သားမိနှစ်ယောက်တည်းသာရှိသည့် ဘဝတွင် မေမေသည်သာ ထယ်ယောင်းခင်တွယ်ရာ...

တသီးတသန့်နေတတ်တဲ့သူက မေမေနဲ့သာဆို ပူးကပ်ပြီးချွဲနေတတ်သည်။

" အင်း ဒါလေး မဆိုးဘူး "

သူမစိတ်ကြိုက်ဝတ်ပေးလိုက်တော့ သဘောကျနေလေရဲ့

" သွားပြီ မေမေ "

" ဟုတ်ပြီ ကောင်းကောင်းလုပ်လာခဲ့နော် ဖိုက်တင်း "

ခြံဝထိလိုက်ပို့ရင်း နှုတ်ဆက်လေရဲ့

သွက်လတ်လွန်းတဲ့သူမက သိပ်ကိုချစ်စရာကောင်းပါသည်။
.
.
.
မေမေပြောထားတဲ့ ဆိုင်ကိုရောက်တော့ ထိုလူမရောက်လာသေးပေ။

ဖုန်းထဲက ပုံလေးထုတ်ကြည့်ရင်း "လူချော"ပဲဟု သတ်မှတ်မိသည်။

မိုးဖွဲဖွဲလေးက အချိန်ကိုက်ရွာလာသည်မို့ ဆိုင်ပြင်ဘက်တွင် ထီးကိုယ်စီနဲ့သွားလာနေသူများကို ငေးမောနေလိုက်သည်။

ဆိုင်ထဲတွင်လည်း classic သီချင်း ငြိမ့်ငြိမ့်လေးဖွင့်ထားသည်မို့ အလွမ်းဓာတ်ခံရှိသူဆို မလွယ်လှ...

လက်တစ်‌ဖက်ကိုမေးလေးထောက်ရင်း ခုံပေါ်တွင်တင်ထားသော လက်သည်းဝိုင်းဝိုင်းလေးတွေနှင့် လက်သွယ်သွယ်လေးကိုလဲ စည်းချက်အတိုင်းလှုပ်ရှားနေမိသည်။

Don't Forget Me (나를 잊지마)Donde viven las historias. Descúbrelo ahora