#Unicode
ကျောင်းဖွင့်ဖို့ရက်တွေနီးလာပြီမို့ ထယ်ယောင်းဆိုးလ်ကို ပြန်ရတော့မည်ဖြစ်သည်။
တဖြေးဖြေးနှင့် မှတ်ဉာဏ်တွေပြန်ရလာတဲ့သူ့ကြောင့်လဲ ထယ်ယောင်းစိတ်ထဲကြည်နူးရသည်။
မောင်က သူ့ဆီတစ်ဖန်ပြန်ရောက်လာခဲ့ပြီမို့လား...
မောင့်အကြောင်းတွေးနေရင်းမှ ခေါင်းထဲဝင်လာသည့်အကြောင်းအရာတစ်ချို့
မောင့်ရဲ့ဖြစ်ပျက်ခဲ့တဲ့အခြေနေတွေဟာ လုံးဝကြီးရိုးရှင်းမနေခဲ့ဘူးဆိုတာပင်
ရဲတွေက ဘာကြောင့်များ အလောင်းကိုမောင်လို့အတည်ပြုခဲ့တာလဲ..
ဒီအရာတွေရဲ့နောက်ကွယ်မှာ တစ်စုံတစ်ခုတော့ရှိနေဦးမှာ အသေချာပင်...
အတွေးကိုရပ်တန့်လိုက်ရင်း ပြန်ဖို့ပြင်ဆင်ရတော့သည်။
" ယောင်းလေး "
" ဖွား "
သိုးမွှေးဆွယ်တာ အပြာနုလေးကိုကိုင်ပြီး အခန်းထဲဝင်လာသည့် အဖွား
" ဖွားမြေးလေး အတွက် "ဆိုကာ ဆွယ်တာလေး သူ့ဆီကမ်းပေးသည်။
" သဘောကျလိုက်တာ ငါတို့အစ်မကြီးကင်မ်က အရမ်းတော်တာပဲ မွ "
အဖွားဖြစ်သူရဲ့ပါးပြင်ကို တစ်ရှိုက်မက်မက်နမ်းတော့ " အချွဲလေး "ဟု ပြောလေသည်။
ဖွားကအိပ်ယာပေါ်ထိုင်ရင်း တစ်ချက်တစ်ချက် သူ့ကိုလှန်းကြည့်နေလေသည်။
ဒီပုံစံဆို တစ်ခုခုပြောစရာရှိနေတာအသေအချာပင်..
" ဖွား ယောင်းကိုပြောစရာများရှိနေတာလား "
အဝတ်တွေထည့်ရင်း စကားစပေးလိုက်တော့..
" ကောင်လေးနဲ့ ယောင်းရဲ့ အခြေနေကို ဖွားသိချင်တယ်
သားတို့ချင်းအဆင်ပြေရင် ဖွားကကန့်ကွက်စရာမရှိပါဘူး "လေသံအေးအေးဖြင့်သာ သူမရဲ့သဘောထားကိုပြောလာသည်။
ထယ်ယောင်းအဖွားဖြစ်သူရဲ့ လက်တွေကို ဆုတ်ကိုင်လိုက်ရင်း
" ဖွား အမှန်တော့ သူက ဂျွန်ဂျောင်ကုပဲလို့ ယောင်းထင်နေတယ်