#Unicode
ချစ်တတ်လာတဲ့ လူသားတိုင်းသည် ဘယ်လောက်ပဲခွန်အားကြီးမားနေပါစေဦးတော့ ချစ်ရသူကို ဆုံးရှုံးရမှာ ကြောက်တတ်စမြဲဖြစ်သည်။
_________________ထွက်သွားပြီဖြစ်တဲ့ကောင်ငယ်လေးရဲ့ ကျောပြင်သေးသေးလေး ကွယ်ပျောက်သည်အထိ သူကြည့်နေမိသည်။
မောင့်ကိုခွင့်မလွှတ်ပါနဲ့ ထယ်ယောင်း
မောင်ဟာ မင်းရဲ့မေတ္တာတွေနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ပါခုံပေါ်ကိုပြန်ထိုင်မိတော့ လူက အလဲလဲအပြိုပြို ချစ်မယ်ကြံကာမှ ကံကြမ္မာက မျက်နှာသာမပေးပြန်
သူဟာချစ်ခြင်းမေတ္တာနှင့်ပတ်သက်လာလျှင် ကံအဆိုးဆုံးလူဖြစ်ပေလိမ့်မည်။
Ring.....
ဖုန်းနံပါတ်ကိုမြင်သည်နှင့် သူ့ဒေါသတွေ အလိုလိုဖြစ်တည်လာရသည်။
" ပြော လီအွန်ဗြော "
* ကိုကိုကလဲ စိမ်းကားလိုက်တာ အရင်လို ဗြောလေးလို့ ခေါ်ပါဦးလား *
" အပိုတွေမပြောနဲ့ လီအွန်ဗြော မင်းဖြစ်စေချင်သလိုဖြစ်သွားပြီမို့လား အခုကစပြီး ထယ်ယောင်းအနားကို ယောင်လို့တောင်မသွားမိစေနဲ့
အဲ့ဒီအခါ ငါကိုယ်တိုင် မင်းကိုသတ်မယ် "*အိုဟိုးး ကြောက်ဖို့ကောင်းလိုက်တာ ကိုကိုရယ်
စိတ်ချပါ ကျွန်မကလဲ ရှင့်လူကိုစိတ်ထဲမရှိတော့ပါဘူးဒါက ရှင့်အမေကျွန်မအပေါ်လုပ်ခဲ့တာတွေ အတွက်အပြစ်ဒဏ်ပဲလေ
ဓါးစားခံက ရှင်ဖြစ်နေတာကို ရှင့်အမေကိုသာ အပြစ်တင်လိုက်*
တောက် !
တောက်ပြင်းပြင်းတစ်ချက်ခေါက်ရင်း ပြောလက်စဖုန်းကို နံရံပေါ်ပစ်ပေါက်လိုက်မိသည်။
လီအွန်ဗြောဆိုသော မိန်းကလေးဟာ သူ့ရဲ့အချစ်ဦး
အသဲခိုက်အောင်ချစ်ခဲ့ရတဲ့ ဖြူစင်တဲ့မိန်းကလေးဖြစ်သည်။
အခုလီအွန်ဗြောသည်တော့ သူ့ဘဝကို ကံဆိုးမှုတွေသာ သယ်ဆောင်ပြီး ရောက်ရှိလာတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။