#Unicode
အိပ်ယာကထတော့ အတော်ပင်နောက်ကျနေပြီဖြစ်သည်။
မေမေ့ဆီပြန်ရောက်နေပြီမို့ လွတ်လွတ်လပ်လပ်ရှိပေမဲ့ ထယ်ယောင်းစိတ်တွေ ပေါ့ပါးမနေခဲ့..
" ဟော မေမေ့ကလေးနိုးနေပြီပဲ
ခုပဲလာနှိုးတော့မလို့ "အိပ်ယာပေါ်တွင် ငေးငိုင်စွာထိုင်နေတဲ့သူ့ကို မေမေက သက်သာလိုငြား စကားစသည်။
" မေမေ ယောင်း ကလေးမဟုတ်တော့ဘူးနော် "
သူ့အပြောကို ပါးလေးတွေညှစ်ပြီး အသဲယားသည့်အမူအယာပြသည်။
" မျက်နှာသစ်တော့ မေမေမနက်စာပြင်ထားတယ် "
" ဟုတ် "
အိမ်ပြန်ရောက်လာတဲ့သားကို အကြောင်းကိစ္စရေရေရာရာ မမေးပဲ နားလည်ပေးသည့်မေမေ
ကွာရှင်းခဲ့ပြီမေမေ ဆိုတော့ သားအဆင်ပြေရင် မေမေခွင့်ပြုပါတယ်တဲ့လေ
ရောက်ရောက်ချင်းမေမေ့ရင်ခွင်ထဲ အကြာကြီးငိုချပစ်ခဲ့သည်။
တကယ်တော့ မောင့်ကိုချစ်ရခြင်းက သိပ်ကို ပင်ပန်းလွန်းလှသည်။
မနက်စာစားရန် ထွက်လာတော့ မေမေကစားပွဲတွင် အသင့်ထိုင်စောင့်နေသည်။
သားမိနှစ်ယောက်အတူ စားသောက်နေစဥ် ဝင်လာသည့် ဖုန်းCallက မောင့်မေမေဆီမှ...
" Hello "
* သား ယောင်းလေးရေ ဂျောင်ကုကိုကယ်ပါဦးကွယ် *
ဖုန်းထဲက မောင့်မေမေအသံသည် ရှိုက်ကြီးတငင်ငိုကြွေးနေဟန်
မောင်ဘာများဖြစ်လို့ပါလဲ ထယ်ယောင်းရင်တွေပူလှသည်။
မေမေ့ကိုအကြောင်းစုံပြောပြရင်း မောင်တို့အိမ်ကို ထွက်လာခဲ့လိုက်သည်။
.
.
.
" ဘယ်လိုဖြစ်ရတာလဲ မေမေ "ထယ်ယောင်းကိုမြင်သည်နှင့် ဖက်ကာငိုသည့် မောင့်မေမေ
" ဂျောင်ကုကလေ သားလေးကိုသိပ်ချစ်ရှာတာပါ
သားနဲ့ကွာရှင်းပြီးတည်းက အရက်တွေပဲလှိမ့်သောက်နေခဲ့တာအားလုံးမေမေ့အပြစ်တွေပါကွယ်
ခုလည်း အပြင်သွားမယ်ဆိုပြီး မနေ့ကညနေလောက်က ထွက်သွားတာ ခုထိလဲပြန်မလာဘူး ဆက်သွယ်လို့ လဲမရဘူး သားရယ်