#Unicode
ထယ်ယောင်း ဒီနေ့ အလုပ်ထဲတွင် စိတ်မပါနိုင် လုပ်သမျှ အလွဲလွဲ အချော်ချော်ဖြစ်နေမိသည်။
မောင်အဆင်ပြေရဲ့လား တွေးမိတိုင်း ရင်ထဲတလှပ်လှပ် ခံစားရသည်။
*Ring....* မောင့်ဆီက ဖုန်းဖြစ်နေတာမို့ အလျင်အမြန်ကိုင်လိုက်သည်။
" hello ! မောင် အဆင်ပြေရဲ့လားဟင် "
" အင်း မောင် အခု ကလေးရဲ့ကျောင်းရှေ့မှာရောက်နေတယ် "
ထယ်ယောင်း မောင့်ကိုတွေ့ချင်စိတ်ထိန်းမရတော့ပေ။ညနေပိုင်းလဲ ကိုယ့်အချိန်မရှိတော့တာမို့ ပြန်ဖို့ဆုံးဖြတ်လိုက်သည်။
ကျောင်းအုပ်ကြီးထံ နေ့လည်ပိုင်းခွင့်ယူပြီး မောင်ရှိရာ အပြေးထွက်လာခဲ့မိလိုက်သည်။
" မောင် "
အဝေးတည်းက သူ့ကိုခေါ်ပြီး ပြေးလာတဲ့ကောင်လေးကို ရင်ခွင်ဖွင့်ကာကြိုနေလိုက်သည်။
" အင့် " ရင်ခွင်ထဲကို ပြေးဝင်လာသည်များ အင့်ခနဲပဲ
" sorry မောင် နာသွားလား ကျွန်တော်မောင့်ကို အရမ်းလွမ်းနေလို့ "
ကောင်ငယ်လေး စိတ်ပူနေတာ သိလိုက်သည်မို့ တင်းတင်းကျပ်ကျပ်ထွေးပွေ့ပေးမိသည်။
" အများကြီး စိတ်ပူနေခဲ့တာပဲ ကိုယ့်ကလေးက "
ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးက တလှုပ်လှုပ်နဲ့ငြိမ့်ပြသည်။
သခင်ကိုချွဲနေသည့် ခွေးပေါက်လေးလို သိပ်အသဲယားဖို့ကောင်းတယ်။
" မောင် dateရအောင် နေ့လည်ပိုင်းခွင့်ယူလာတယ် "
boxy smileလေးနဲ့တောင်းဆိုလာသည့်ကလေးငယ်ကို သူဘယ်လိုများ ငြင်းဆန်နိုင်ပါ့မလဲ....
ထိုနေ့က ကလေးငယ်စိတ်ကြိုက် လျှောက်လည်ဖြစ်ကြသည်။
အပူပင်ကင်းတဲ့ဘဝက ဒီကောင်ငယ်လေးရှိမှ ပြည့်စုံနေတာမျိုး..
ညစာအတွက် Namsan Tower viewနဲ့ စားသောက်ဆိုင်တစ်ခုမှာ bookingလုပ်ထားလိုက်သည်။
အိပ်ကပ်ထဲက ဘူးလေးကို စမ်းရင်း အတောမသပ်နိုင်ပဲ ပြုံးမိပြန်သည်။