Uni
အခန်း ၂ သူမနှင့်တူသောအမျိုးသမီး (၁)
နောက်နေ့မနက်မှာ...
ဝေအန်းနင် သည်နာကျင်စွာ နိုးထလာခဲ့သည် ။ မျက်နှာကြက်ကို ငေးကြည့် နေ ရင်းတစ်ခုခုကိုရုတ်တရက်သတိရ မိ၍ ထ လိုက်သည်။နောက်တစ်စက္ကန့်တွင် သူမသည် နာကျင်ကိုက်ခဲ လာသောကြောင့် အော်ဟစ်ကာ အိပ်ယာပေါ်သို့ ပြန်၍ လဲကျ သွားသ ည်။
သူမ၏ အောက်ပိုင်း ကိုယ်ခန္ဓာတွင် ပြင်းထန်သော နာကျင်မှု တစ်ခုရှိသည်။ သူမ၏ ခြေထောက်များသည်လည်း အားနည်းနေသည်ကို သူမ ခံစားခဲ့ရသည်။
သူမသည် ပြီးခဲ့သည့် ညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ အိပ်မက်မဟုတ်ကြောင်း ကို သိရှိသွား တဲ့ အခါမှာ တော့ မျက်နှာကို ဖုံးကွယ်ထားသော ယောက်ျားနှင့် ဆက်ဆံခဲ့ သည်ကို သူမက ဝမ်းနည်းစွာ တွေ့ရှိ ခဲ့ ရသည်။
သူမသည် ဂရုတစိုက် လှည့်ပတ်ကြည့်ရှုရာ မျက်နှာဖုံးနှင့်လူ သည်မရှိတော့ပါ။ သူမသည်လည်း ထူးဆန်းတဲ့နေရာမှာ ရောက်နေခဲ့ကြောင်း သိရှိသွား တော့ သည် ။
ကမ်းခြေကိုရိုက်ခတ်သောလှိုင်းတံပိုးသံများ ကိုလည်း သူမနားမှ ကြားနေရ သည်။ သူမသည် ခုတင်ကို အားပြု ပြီး အိပ်ရာမှ ထလိုက်ကာ ပြတင်းပေါက်ကိုဖွင့်လိုက်သည် ။
အပြင်ဘက်တွင် အဆုံးမဲ့ ပင်လယ်ရှိသည်။ ငန်သော ပင်လယ်လေပြင်းသည် သူမ၏ မျက်နှာပေါ် သို့တဟုန်ထိုး တိုက်ခတ် သွားသည်။ပူနွေးသော နေရောင်ခြည်သည် ပြတင်းပေါက်မှ တဆင့် ဖြာကျလာ ပြီး ရွှေဝါရောင် တောက်ပနေ သည်။ သူမ၏ထောင့် ဘက်တွင် ရဲတိုက် တစ်ခု ရှိနေသည်။
ဒါ ဘယ်နေရာလည်း ?"ကလက်"
တစ်ခုခုဖြင့် တံခါးကို အပြင်ဘက်မှ ဖွင့်လိုက်သည်။ သူမ ၏ မသိစိတ် ကြောင့် တံခါးကိုသတိနှင့်ကြည့်နေမိသည်။အပြာရောင် အိမ်ဖော်ဝတ်စုံ ၀ တ်ထားသည့်အိမ်ဖော်တစ် ဦး သည် တံခါးနားတွင်ရပ်နေပြီး
လေးစားစွာဖြင့်
" မစ္စစ်စန်း ဘယ်အချိန်မှာနိုးမှန်း မသိလို့ ၊ မာစတာစန်းက မာစတာနဲ့မဒမ်က ကျွန်း ကိုရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း ပြောရန် မှာ ခဲ့ပါတယ်။ ”
YOU ARE READING
I love you unexpectedly ( MM translation)
Lãng mạnDate of translation _fri, Mar 12, 2021 Date of completion of translation_ Unicode and Zawgyi Original author_荧光紫 Story style_现代言情 (ခေတ်သစ် အချစ်ဇာတ်လမ်း) That's not my story. I just posted the translation. Therefore, full credit is given to the o...