The Other Side of Him
Wei Anning က သူမရဲ့ ရှေ့က ခမ်းနားသော ပင်လယ်ပြည်ကြီးကို စိုက်ကြည့်နေခဲ့သည်။
သူမကို ကြီးမားသော ပူးပေါင်း ကြံစည်မှုဖြင့် ဖမ်းခဲ့တယ်လို့ သူမက ခံစားခဲ့ရတယ်။
ဒါပေမယ့် သူမ တွက်ဆလို့ မရခဲ့ဘူး။"တဆိတ် မင်းဘာတွေ ဖြစ်ပျက်နေတာလည်း?
မင်းရဲ့ မျက်နှာက ရုပ်ဆိုးလွန်းနေတယ်။ "
ဆိုတဲ့ Leng Youchen ရဲ့ ဂရုစိုက်စောင့်ရှောက် သော အသံက နားထဲမှာ ကြား နေ ရသည်။ပင်လယ်လေပြင်းသည် တိုက်ခတ်လျှက် ရှိပြီး အပြင်ဘက်တွင် နေရောင်က တောက်ပနေသည်။
သို့သော် သူမ တစ်ကိုယ်လုံး ကတော့ အေးစက်မှုကို ခံစားနေရသည်။အထီးကျန်နေသော ကျွန်း၊
သူမနှင့် တထေရာတည်း တူနေသော အမျိုးသမီး ပြီးတော့ ညလယ်အချိန်တွင် ပေါ်လာခဲ့သော မျက်နှာဖုံးစွပ် နှင့် အမျိုးသား စသော အရာအားလုံးက သူမကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။Wei Anning က သတိ ပြန်လည်လာကာ Leng Youchen ရဲ့ မျက်လုံးကို ကြည့်လိုက်လျှင်ပဲ ထူးဆန်းသော စိတ်အားထက်သန်မှုနှင့် ပြည့်နေသော ကောက်ရိုးတစ်မျှင် ကို တွေ့လိုက်ရသည်။
သူမက ထိုင်ချလိုက်ပြီး သူ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ
" Leng Youchen ကျွန်မ တို့ ဒီကနေ ပြင်ပကမ္ဘာ ကို ဆက်သွယ်လို့ ရနိုင်မလား?"" တကယ်တော့ ဒီမှာ ဂြိုလ်တု တယ်လီဖုန်း တစ်လုံးရှိတယ်"
လို့ Leng Youchen က ပြောလိုက်တယ်။
ထိုအခါ သူမရဲ့ မျက်လုံးများက တောက်ပလာ ပြီး
"အဲဖုန်းကို အသုံးပြုဖို့အတွက် ကျွန်မ ကို ငှားပေးနိုင်မလား?
ကျွန်မ ဖုန်းခေါ်ဖို့ လိုအပ်နေ လို့ပါ""ကောင်းပြီ"
ဟု ပြောကာ Leng Youchen က သူ့ကို တွန်းပြီး ဧည့်ခန်းထဲ သွားရန် သူမကို လက်ဟန်ဖြင့် ပြခဲ့သည်။
ပြီးနောက်
သူက ဖုန်းကို ကောက်ကာ သူမကို ပေးခဲ့သည်။Wei Anning က ဖုန်းကို ယူခဲ့ပြီး သူ့ကို ကြည့်လိုက်သည်။
ထို့နောက် ဧည့်ခန်း၏ ထောင့်စွန်းနားသို့ သွားကာ သူမ မှတ်မိသော ဖုန်းနံပါတ် တစ်ခု ကို ခေါ်ဆိုခဲ့သည်။
YOU ARE READING
I love you unexpectedly ( MM translation)
RomanceDate of translation _fri, Mar 12, 2021 Date of completion of translation_ Unicode and Zawgyi Original author_荧光紫 Story style_现代言情 (ခေတ်သစ် အချစ်ဇာတ်လမ်း) That's not my story. I just posted the translation. Therefore, full credit is given to the o...