အခန်း- ၄

502 69 0
                                    

Uni

အခန်း(၄) *မင်း ထွက်သွားလို့ မရဘူး*

Wai Anning ဟာ အဲဒီနေရာမှာပဲ ရပ်နေခဲ့ပြီး သူမရဲ့ တစ်ကိုယ်လုံးဟာ အနည်းငယ် တုန်ယင်နေခဲ့တယ်။

သူမက သူမရဲ့ ရှေ့မှ ထူးခြားသော အရာအားလုံးကို ကြည့်နေခဲ့သည် ။ ပြီးတော့ သူမ၏ စိတ်ခံစားချက်များ ပြိုလဲ သွားရတော့သည်။ သူမက Wei Jingjing မဟုတ်ကြောင်း ဘယ်လို သက်သေပြရတော့မည်နည်း?

သူမ ဒီနေရာကနေ ဘယ်လို ထွက်ခွာ ရမလဲ?

သူမ၏ လက်နှက်ဖက်ဖြင့် ခေါင်းကို ကိုင်ကာ အကူအညီမဲ့စွာ ဆိုဖာ ထက်သို့ လဲကျသွားတော့သည်။

Leng Youchen က သူ၏ လက်ကို ဆန့်တန်းလိုက်ပြီး သူမ၏ ခေါင်းကို ပွတ်သပ်ကာ " ဟုတ်ပြီ ။ ဒီအကြောင်းကို မစဥ်းစားဘဲ မနက်စာ အရင်စားတော့။ မနက်စာစားပြီးရင် ကိုယ်မင်းကို ဒီအနားတစ်ဝိုက်ကို ခေါ်သွားမယ် "

Wei Anning က စိတ်ပျက်စွာ "အမှန်တကယ် ကျွန်မ မဟုတ်ဘူး....."

ဒါပေမယ့် သူမစကား မဆုံးမီ သူမက Leng Youchen ရဲ့ ပြောင်းလဲသွားသော မျက်နှာကို သူမက မြင်ခဲ့ပြီး သူမ ဆက်ပြောမယ့် စကားလုံးများကိုလည်း တိတ်ဆိတ်စွာ ပဲ မျိုချခဲ့လိုက်ရသည်။

Wei Jingjing ရဲ့ မျက်နှာနှင့် တစ်ထပ်တည်း တူနေသော သူမ၏ စကားများက Leng Youchen ကို စည်းရုံး သိမ်းသွင်း ရန် လုံလောက်မှု မရှိခဲ့ဘူးလို့  သူမက အတည်ပြုခဲ့သည်။

နောက်ပြီး  သူမက သူ့ကို မသန်မစွန်း ဖြစ်နေတာကြောင့် မကြိုက်တာလို့ သူက တွေးထင်နေပေလိမ့်မည်။

သူမ၏လက်ရှိ ဦး စားပေးမှုမှာ သူမအဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရကြောင်း ကိုရှာဖွေရန် ဖြစ်သည်။ ထို့နောက် သူမသည် Wei Jingjing  မဟုတ်ဘဲ Wei Anning  ဖြစ်ကြောင်း အထောက်အထားများ ရှာဖွေရ မည် ဖြစ်သည်။

"အဲအကြောင်းကို မေ့ထားလိုက် ပြီး မနက်စာ သွားစားရအောင် ကျွန်မလည်းပဲ ဗိုက်ဆာနေပြီ"

Leng Youchen က ပြုံးခဲ့သည်။ ထိုအပြုံးသည် ထူးခြားသည်။ ပြီးတော့ Wei Anning က တည့်တည့်ပဲ စိုက် ကြည့်ခဲ့သည်။ မည်သည့် အပြုံးက ထိုမျှ လှပမည်နည်း? သူက သူမ၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးရင်း ပြောလိုက်သည်။ "ဒါအကောင်းဆုံးပဲ၊ သွားကြရအောင် "

I love you unexpectedly ( MM translation) Where stories live. Discover now