💝အခန်း-၃💝

530 68 2
                                    

Uni

အခန်း (၃) * မင်း ငါ့ကို မကြိုက်ဘူး လား? *

မျက်နှာချင်းဆိုင်၍ မျက်လုံးချင်း ဆုံ ကြည့်နေသည့်အချိန်တွင် ထိုရှည်လျားပြီး ကျဉ်းမြောင်းသော ဖီးနစ် မျက်လုံးများတွင် အမှောင်ထုက တောက်ပနေသည်။ပြီးတော့ ထို အရာက လျှပ်တစ်ပြတ် အတွင်း တည်ငြိမ် အေးဆေးနေတယ်။ အရမ်း မြန်လွန်းတာကြောင့် ဝေအန်းနင် က ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ (L/N ရှင်းရှင်းလင်းလင်း မမြင်လို့သာ တော်တော့တယ် အမကြီးရယ်)

Wei Anning က မျက်တောင်ခတ်လိုက်ပြီး ဘီးတပ်ကုလားထိုင်က လူကို ကြည့်ကာ သူမက " ရှင်ကတတိယ  သခင်လေးလား?” လို့မမေးခင် နံရံပေါ်က ဓါတ်ပုံတွေကို အကြိမ်အနည်းငယ် စစ်ဆေးလိုက်တယ်။

သူမရဲ့ရှေ့မှောက်ရှိ လူသည် ချောမောခန့်ညားသော ရုပ်သွင်ပြင် ရှိပြီး တစ်ကမ္ဘာလုံး တွင် ရှားပါးသောအေးချမ်းမှုလည်း ရှိနေသည်။ ပြီးတော့  မြင့်မြတ်သော စိတ်ထားလည်း ရှိပုံပေါ်သည်။

သို့သော် အရေပြားသည် ဖြူဖျော့လွန်းသည်။ မည်သည့်အချိန်တွင်မဆို သေဆုံးတော့ မည့် ဖျားနာနေသော ပျိုးပင်များနှင့် အသွင် တူသည်။

သူမသည် မူလက ဒီ တတိယ သခင်လေးက ယခင်ညက မှားခဲ့သော မျက်နှာဖုံးတပ်ထားသည့် လူဟု သံသယ ရှိခဲ့သည်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထားတွေက လုံးဝ မတူ ညီတာကို သူမ မြင်ပြီးပြီ ဖြစ်သည်။
ရှည်လျားပြီးကျဉ်းမြောင်းသော ဖီးနစ် မျက်လုံးတစ်စုံမျှသာ အကျွမ်းတဝင်ခံစားမှု ကိုဖော်ပြသည်။

Leng Youchen ခေါင်းငြိမ့်လိုက်သည်။ သူ၏ အသံက အရမ်း အားနည်းနေသည်။ သူက နှုတ်ခမ်းနားသို့ လက်သီးစုပ်ကို ကပ်ကာ ပွတ်သပ်လိုက်ပြီး "တိတ်ဆိတ်စွာ ငါတို့ မင်္ဂလာဆောင် ပြီးပြီ။ မင်း ငါ့ကို မသိဘူးလား? ငါဟာ မင်းရဲ့ ယောက်ျား Leng Youchen ဖြစ်တယ်။ "

Wei Anning သည် သူမ၏ နှခမ်းထောင့်စွန်းကို လှုပ်ရှားလိုက်သည်ပြီး ဒီမတိုင်ခင် သူမက သူ့ကို မမြင်ခဲ့ဖူးဘူး။ ဒါဆို သူနဲ့ သူမ ဘယ်လို တွေ့ဆုံခဲ့တာလည်း?
"အမှန်တကယ် တော့ ကျွန်မ ရှင့်ကို မသိဘူး။ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မ က Wei Jingjing မဟုတ်ဘူး။ ကျွန်မ နာမည်က Wei Anning ။ ကျွန်မက လန်ဒန် တက်ကသိုလ်က ပထမနှစ် ကျောင်းသူ တစ်ယောက်ပါ။ ဘာ့ကြောင့် ဒီကို ရောက်လာခဲ့လည်း ဆိုတာတော့ ကျွန်မလည်း မသိဘူး။ ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပြုပါ။"

I love you unexpectedly ( MM translation) Where stories live. Discover now