-Cʜᴀᴘᴛᴇʀ 12-

178 13 0
                                    

Unicode

Chapter 12 သူမလွတ်မြောက်သွားခဲ့ပြီ

ကုတင်က အရမ်းကြီးလွန်းတာကြောင့် သူတို့နှစ်ယောက်စလုံး လက်နှစ်ဖက်ကို တစ်ပြိုင်နက် ဆန့်တန်းလိုက်ရင်တောင် တစ်ယောက်ကိုတစ်ယောက် ထိမိလိမ့်မှာ မဟုတ် ဘူး။
ဒီလိုမျိုး  လုံခြုံတဲ့ အကွာအဝေးက သူမကို သက်တောင့်သက်သာဖြစ်စေတယ်။

Wei Anning က မျက်နှာကျက်ကို စိုက်ကြည့်နေခဲ့တယ်။
အခန်းကလည်း အရမ်းကို တိတ်ဆိတ်နေတဲ့ အတွက် သူမက အိပ်လို့ မပျော်ဘူး။ Leng Youchen ရဲ့ လှည့်လိုက်တဲ့ အသံကို ကြားလိုက်တာနဲ့ ချက်ခြင်း သတိထားပြီး ကြည့်လိုက်တဲ့ အချိန်  သူ့ရဲ့ ဖီးနစ်လိုမျိုး နက် မှောင် နေတဲ့ မျက်လုံးတစ်စုံ ကိုမြင် တွေ့လိိုက်ရတယ်။

သူနဲ့ မျက်နှာဖုံး တပ်ထားတဲ့ သူဟာ တစ်ဦးတည်း ဖြစ်တယ်ဆိုတာကို သူမ သံသယ ဝင်လာပြီးတဲ့ နောက်မှာပဲ သူမဟာ သူ့ရဲ့ မျက်လုံးတွေကို တိုက်ရိုက် စိုက်မကြည့် ရဲတော့ဘူး။ အဲမျက်လုံးတွေ ထဲကနေ မကောင်းတဲ့ နတ်ဆိုး တစ်ကောင် ထွက်လာတော့မယ်လို့ အမြဲလိုလို ခံစားနေရတယ်။

"......"

လူနှစ်ယောက်ဟာ မှင်သက်မိနေကာ တစ်ဦးနဲ့တစ်ဦး ကြည့်နေမိစဥ် Wei Anning က ကသိကအောက် ဖြစ်စွာနဲ့ပင် အဝေးကို အကြည့်လွှဲလိုက်ကာ မျက်နှာကြက်ကို စိုက်ကြည့်လိုက်သည်။
အနုပညာ လက်ရာ တစ်ခုနဲ့ တူတဲ့ သန့်ရှင်းစင်ကြယ်တဲ့ မျက်နှာကြက် မီးအိမ်ပဲ။
သူမက မေးလိုက်တယ်"ရှင် ဒီမှာ တစ်ယောက်ထဲ နေတာလား"

"အဲလိုမေးခွန်းမျိုးမေးဖို့ မင်းဘာ့ကြောင့် တွေးနေရတာလဲ"Leng Youchen က ပျင်းရိလေးကန်စွာ ပြောပြီး မျက်နှာကြက်က မီးအိမ်ကို စိုက်ကြည့် နေလိုက်တယ်။

Wei Anning က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး"အဲဒီ အကြောင်း ပြောဖို့ ကျွန်မ ရုတ်တရက် သတိရသွားလို့ပါ။"

"........" Leng Youchen က ရည်ရွယ်ချက် မရှိ သူမမေးတဲ့ မေးခွန်းကို ဖြေဆိုဖို့ရန် တိတ်ဆိတ် နေခဲ့တယ်။

သူမက အပျော်သဘောအနေဖြင့် တောင်းပန်လိုက်ပြီး သူ့ကို ကျောခိုင်းလျက် ခဏ အကြာတွင်ပင် အိပ်ပျော် သွားခဲ့လေ သည်။ရုတ်တရက် သူမနောက်ကျောက လူရဲ့ မျိုသိပ်စွာနဲ့ အသံတစ်ခု ထွက်လာခဲ့တယ်။သူမစိတ်​ရှုပ်​​နေတဲ့ အတွက် ရှင်းရှင်းလင်းလင်း ကြားရဖို့ကြိုးစား​ပေမယ့်​ သူမရဲ့အသိစိတ်​က တဖြည်းဖြည်း​ပျောက်​ကွယ်​သွားခဲ့တယ်​။

I love you unexpectedly ( MM translation) Where stories live. Discover now