Idol လေးရဲ့ ချစ်သူ
Part 1Xiao Zhan တစ်ယောက် Show ပွဲ တစ်ခုတွင် ..သီချင်းဆို
ဖျော်ဖြေပြီးအပြန် ..သူ့ရဲ့ ဇိမ်ခံကား ပေါ်မှာ မျက်လုံးမှိတ်ကာ
အနားယူရင်း အတိတ်ကို ပြန်တွေးကာ... ကိုယ့်ကိုကိုယ်မပိုင်
တော့တဲ့ ဘဝကို နောင်တရနေမိသည်...သူ့ရဲ့ အောင်မြင်မှုနဲ့ ပြည့်စုံမှုဟာ တစ်စုံတစ်ဉီးရဲ့ ..ထောက်ပံ့
ပေးမှုကြောင့်သာ ....အဆိုတော်ဘဝကို ရူးသွပ်ပြီး ကိုယ့်ဘဝကို ..သူများလက်ထဲ
အရောက်ခံခဲ့မိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိတော့
တယ်..." ဒုန်း ''
အသံနှင့်အတူ ဘရိတ်ဆောင့်အုပ်လိုက်သဖြင့် သူ့အတွေးထဲက
ပြန်ထွက်လာခဲ့တော့သည်.." လူတိုက်မိပြီလား ဉီးလေး... ''
ထိတ်လန့်သွားတဲ့ သူ့အသံအဆုံး ကားတံခါးကို ဖွင့်ကာ ဆင်းလိုက်
တော့သည်..." အစ်ကိုလေး မဆင်းနဲ့ ... ''
ဉီးလေး ဖူရဲ့ ပြာပြာသလဲ အသံနဲ့ ကားတံခါးဖွင့်ဆင်းလာတာကို
မစောင့်ဘဲ ကားရှေ့ကို သွားကြည့်လိုက်တော့ ခွေခွေလေးလဲနေ
တဲ့ လူတစ်ယောက်..သူ.... အမြန်သွားပြီး လည်တိုင်ကို စမ်းကြည့်လိုက်တော့ သွေးခုန်
နေသေးသည်.." ဉီးလေး 911 ကို ဖုန်းဆက်လိုက် .. သူ သွေးခုန်နေသေးတယ် ''
(199 က မြန်မာပါ)" ဟာ.. အစ်ကိုလေးကလဲ အမှုပတ်လာမှာပေါ့.. အစ်ကိုလေးက
အမှုအခင်းဖြစ်လို့မရဘူးလေ... ''" ဒီမှာ လူတစ်ယောက် သေတော့မယ်..ဉီးလေးက ကျွန်တော် နာ
မည်ကျမှာ စိုးရိမ်နေသေးတယ်.. အခုခေါ် ''" ဒီကလေးကြည့်ရတာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်မရပါဘူး. .Dr.ကျန်း
ကိုသာ ဖုန်းဆက်ခေါ်လိုက်ပါလား... ဉီးလေးက အစ်ကိုလေးအတွက်
ပြောနေတာ ''" သေလိုက်ပါတော့... ဖယ် ဖယ် ကျွန်တော် ပွေ့လိုက်မယ်..ဉီးလေး
ကျန်းချန်ကို ဖုန်းခေါ်လိုက် ''သူ ... ပျော့ခွေနေတဲ့သူကို ကောက်ပွေ့လိုက်တော့... ကားမီးရောင်နဲ့
ဖြူစင်ဝင်းပနေတဲ့..မျက်နှာလုံးလုံးလေးကို မြင်လိုက်ရသည်..

ВЫ ЧИТАЕТЕ
Idol လေးရဲ့ ချစ်သူ
Фанфикအချစ်ဆိုတာ ဘာမှန်းမသိတဲ့အရွယ်တည်းက ချစ်သူကို အပိုင်သိမ်းထားခဲ့တဲ့ အချစ်လူဆိုးလေးကို မမုန်းလိုက်ပါနဲ့ ကိုကို....