Part 9

1.6K 100 1
                                    

Uni
Idol လေးရဲ့ချစ်သူ
Part 9

ငယ့်အချစ်တွေ သန္ဓေတည်ခဲ့တာဟာ နှစ်ဆယ်ချီနေခဲ့ပြီတဲ့... ရင်နင့်လွန်းလို့
ငယ့်အတွက် နာကျင်လွန်းလို့ ရင်ကွဲမတတ် ငယ့်ရင်ခွင်ထဲမှာ ငိုပစ်ခဲ့မိတယ်...

US မှာ ရောက်နေတဲ့ သူငယ်ချင်း ယွီပင်းကို အကူအညီတောင်းပြီး ငယ့်ကို US မှာ
ကျောင်းတက်ဖို့ စီစဥ်ပေးထားသည် ...

ငယ့်အတွက် သူ သတ္တိရှိမှဖြစ်မည်... ယခင်က တွယ်တာစရာမရှိတဲ့သူဖြစ်နေခဲ့တဲ့
အပြင် ကိုယ့်ဘဝရဲ့ ကျေးဇူးရှင် ကယ်တင်ရှင်အတွက် ကိုယ်စိတ်နှလုံး ညှိုးနွမ်းနေ
လျက်နဲ့ပင် ပြန်လည်ပေးဆပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်

ကိုယ့်နှလုံးသည်းပွတ်ဖြစ်တဲ့ အချစ်ဆုံးသူက ကိုယ့်အပေါ် နှစ်ပေါင်းများစွာ စွဲလမ်း
ချစ်ခင်ခဲ့ပြီး ကိုယ့်အနားရောက်အောင်လာခဲ့ကာ သူ့နှလုံးသားကိုပင် ကိုယ့်လိုအင်
အတွက် ချနင်းခံခဲ့တာက ကျေးဇူးတရားဆိုတာကို မျက်ကွယ်ပြုပစ်ဖို့ ခွန်အားတွေ
ဖြစ်ပေါ်လာစေခဲ့ပြီ...

ကိုယ့်ကိစ္စတွေ အပြတ်ဖြတ်ပြီးရင် ငယ့်ဆီ ကိုယ်လိုက်လာမှာပါ... ငယ် ကိုယ့်ကို
စောင့်နေပေးမယ် မဟုတ်လား...

ကိုယ်ငြင်းဆန်တဲ့အခါ ငယ့်ကြောင့်ဆိုတာသိသွားရင် ငယ့်အတွက် မလုံခြုံနိုင်တော့
မှာမို့ ခဏတော့ ခွဲနေမှဖြစ်မယ်လေ...

ကိုယ့်အစီအစဥ်နဲ့ကိုယ် ကျေနပ်နေခဲ့ပြီး.. US သို့ အလုပ်ကိစ္စနှင့်သွားရမည်ဟု
အကြောင်းပြကာ... လေယာဥ်ပေါ်ထိ အတူလိုက်ပြီးမှ ငယ့်ကို ဆေးခပ်ကာ
လေကြောင်းဖြင့် US သို့ ထည့်ပေးလိုက်တော့သည်..

ငယ့်ဘေးမှာ ငယ့်ကို စောင့်ရှောက်ဖို့ လူယုံတစ်ဉီး ထည့်ပေးလိုက်သဖြင့်
ငယ့်အတွက်စိတ်အေးရပါပြီ...

××××

ဒီနေ့ သူဌေးကို တွေ့ရမယ့်နေ့​လေ ... ဒါကြောင့် မနေ့တည်းက ငယ့်ကို US ပို့ခဲ့တာ
သူ... ဝိုင်ခွက်ကို လှည့်ပတ်ကိုင်နေရင်း .. ဘယ်လို ငြင်းဆန်ရမလဲ စဥ်းစားနေစဥ်

" ကိုယ်တို့ လက်ထပ်ဖို့ သိပ်မဝေးတော့ဘူးနော်.. Zhan ''

"ကျွန်တော်လဲ... သူဌေးကို အဲ့ဒါပြောမလို့ ''

Idol လေးရဲ့ ချစ်သူ Nơi câu chuyện tồn tại. Hãy khám phá bây giờ