Idol လေးရဲ့ချစ်သူ (uni /zg)
Part 21သူ... နိုးလာတော့... အားတွေ ကုန်နေသလို ပင်ပန်းနွမ်းနယ်နေသည်... ခန္ဓာကိုယ်
နေရာအနှံကလဲ.. နာကျင်နေပြီး ခေါင်းတွေပါ နာနေသဖြင့်... မျက်လုံးကို အားယူ
ပြီး ဖွင့်ကြည့်လိုက်သည်...သူ့ ရင်ခွင်ထဲ ခေါင်းမှာ ပတ်တီးဖြူဖြူနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ကိုကို...
"ကိုကို့ ခေါင်း ဘာဖြစ်ထားတာလဲ .. အ .. ကျွတ်ကျွတ်... ''
ကိုကို့ခေါင်းကို ထိကိုင်ရန် လက်မြောက်လိုက်တော့ နာကျင်သွားသဖြင့် ကြည့်လိုက်မှ
သူ့လက်မောင်းမှာလဲ ပတ်တီးဖြူဖြူ ..."သြော်... မနေ့က.. ငါဆေးမိသွားတာ.. ''
ဘာကြောင့်... တစ်ကိုယ်လုံး နာကျင်ကာ ပင်ပန်းသလိုဖြစ်နေမှန်း ခုမှ သဘောပေါက်
သွားပြီး ပြုံးလိုက်မိသည်..သူ့လက်မောင်းပေါ် အိပ်ပျော်နေသည့် ကိုကို့ မျက်နှာလေးကို အသာလေး ဆွဲမော့လိုက်
ပြီး.. ကြည့်လိုက်မိသည်.. အိပ်ပျော်နေပုံလေးက ကလေးလေးလို ဖြူစင်လွန်းသည်..အဝတ်အစားမဲ့နေသည့် ကိုကို့ရင်ဘတ်တွေ လည်တိုင်တွေမှာ အညိုအမဲစွဲတဲ့နေရာစွဲ
ပေါက်ပြဲတဲ့နေရာ ပေါက်ပြဲနေသည်.. နှုတ်ခမ်းလေးကလဲ ဖူးယောင်ကာ သွေးခြေဥ
နေသည်.."နှုတ်ခမ်းလေးတွေလဲ အများကြီး ပေါက်သွားတာပဲ... မောင့်ဆီကို ရောက်အောင် လာ
ခဲ့ပေးလို့ ကျေးဇူးပါ ကလေးရယ်.. ''နိုးလာရင်.. တော်တော်နာနေတော့မှာ ...
အရှက်အကြောက် ကြီးလွန်းတဲ့ ကိုကိုက ... လူတွေရှေ့မှာတောင် သူ့အတွက်ကိုပဲ ကြည့်
ပေးခဲ့တာ ..တွေးမိတော့ ပိုပြီး သနားရသည်..မောင့်ကို ပေးဆပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်တဲ့ ကိုကို့ကို အရင်ကထက် ပိုဂရုစိုက်
မယ်.. ပိုပြီး ချစ်ပေးပါ့မယ်..သူ.. ကိုကို့ နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်တော့ လှူးလွန့်လာပြီး ကြည်လင်နေတဲ့
မျက်ဝန်းလေး ပွင့်လာသည်..."ဟင်.. ငယ်.. နိုးနေပြီလား... ဒဏ်ရာတွေက နာနေလား... ''
"အင်း.. သိပ်မနာပါဘူး.. ကိုကိုရော.. နာနေလား ''

BẠN ĐANG ĐỌC
Idol လေးရဲ့ ချစ်သူ
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိတဲ့အရွယ်တည်းက ချစ်သူကို အပိုင်သိမ်းထားခဲ့တဲ့ အချစ်လူဆိုးလေးကို မမုန်းလိုက်ပါနဲ့ ကိုကို....