Part 11

1.6K 83 0
                                    

Idol လေးရဲ့ချစ်သူ (Uni/Zg)
Part 11
ဝမ်သခင်ကြီးရဲ့ တစ်ဉီးတည်းသော သားလေး ဝမ်ရိပေါ်...
အသက် ၄၀ ကျော်မှ သားဉီးလေးရပြီး မိခင်ဖြစ်သူမှာ.မီးတွင်းထဲမှာတင် ဆုံးပါးခဲ့သဖြင့်
မိခင်မေတ္တာရော ဖခင်မေတ္တာကိုပါ အလုံးစုံရရှိခဲ့သူ..

ဝမ်ရိပေါ် မွေးလာပြီးနောက် ယခင်က ချမ်းသာနေပြီးသား ဝမ်သခင်ကြီးမှာ လုပ်သမျှ
လုပ်ငန်းအားလုံး အဆပေါင်းများစွာ အောင်မြင်တိုးတက်လာသလို ဂုဏ်ရှိန်ဝါကလဲ
ပိုမိုမြင့်မားလာကာ နန်းတော်တမျှ ခမ်းနားထည်ဝါလှထည် အိမ်တော်နှင့် အချွေအရံ
ပေါင်းများစွာဖြင့် တစ်နယ်လုံးအပေါ် သြဇာအာဏာ သက်ရောက်လာသည်..

ဝမ်သခင်လေး မွေးဖွားခြင်းဟာ မိခင်ဖြစ်သူ ဆုံးပါးခဲ့ရခြင်းကလွဲလို့ အရာအားလုံး
ကံကောင်းစေတဲ့ လာဘ်ကောင်လေးဖြစ်လို့ ဖခင်ဖြစ်သူကလည်း သားငယ် လိုချင်တာ
မှန်သမျှ တစ်ချက် မညည်းညူ ဖြည့်ဆည်းပေးသည်..

ဝမ် သခင်လေး.၉နှစ်ပြည့်နေ့တွင် ကွမ်တုံမြို့ရှိ မိဘမဲ့ကျောင်းတွင်.မိဘမဲ့ကလေးများ
အား အဝတ်အစားများနှင့် တစ်နှစ်စာ စားသောက်စရိတ်အား သွားရောက်လှူဒါန်းခဲ့သည်

ကွမ်ကျိုးမြို့မှ သူဌေးကြီး ဝမ်ကျိုးချန် မှာ သားငယ် ဝမ်ရိပေါ်နှင့်အတူ
နှင်းများဖြင့် လှပနေသည့် ဒီဇင်ဘာ ၂၅ရက်နေ့ညတွင် မေတ္တာဂေဟါ အမည်ရှိ
မိဘမဲ့ကျောင်းမှ ကျင်းပသော ခရစ္စမတ်ပွဲတွင် ရှေ့ဆုံးမှ နေရာယူကာ....
မိဘမဲ့ကလေးများ၏ သီဆိုဖျော်ဖြေမှုအား အားပေးလျှက်ရှိသည်... ကလေးငယ်များ၏
သခင်ယေရှုဖွားမြင်ခန်းအား.သရုပ်ပြဖျော်ဖြေအပြီးတွင်...

တမန်တော်ဝတ်စုံဖြင့် ကောင်ငယ်လေး နှစ်ယောက်မှ သခင်ယေရှုဖွားမြင်ခြင်းအား
ရေးစပ်ထားသည့် သီချင်းအား သီဆိုရင်း ထွက်လာကြသည်...

အသက် ၁၅ နှစ်အရွယ်... ကောင်ငယ်လေး ရှောင်းကျန့်မှာ... သူ့ရဲ့ ယုန်သွားလေး
နှစ်ချောင်းပေါ်အောင် ပြုံးလျှက် အသံအားကောင်းကောင်းနှင့် သရုပ်ဖော်ကာ သီဆို
နေသည်..

၉နှစ်အရွယ် ကလေးငယ် ဝမ်ရိပေါ်မှာ ပါးချိုင့်လေးများပေါ်အောင် ပြုံးနေသည့် ကော
ကောကိုကြည့်ရင်း... အရမ်းကို ပျော်ရွှင်နေမိသည် ...
စင်အောက်ကပင်... နှုတ်ခမ်းအောက်က လှပတဲ့ မှဲ့လေးကို မြင်နေရသည်...

Idol လေးရဲ့ ချစ်သူ Nơi câu chuyện tồn tại. Hãy khám phá bây giờ