Idol လေးရဲ့ချစ်သူ (Uni/Zg)
Part 12ဝမ်မိသားစုရဲ့ အင်အားက ကြီးလွန်းသဖြင့် စုံစမ်းရတာ တော်တော် အချိန်ကြာသည်...
ယွီပင်း လူတွေ စုံစမ်းလို့ရသလောက်
ကိုယ့်ကို စပွန်ဆာပေးသူ အမှန်မှာ ဝမ်ရိပေါ်၏ဖခင် ဖြစ်ပြီး သူဌေးဝမ်မှာ ဟန်ပြမျှသာ
ဖြစ်ကြောင်း သိခဲ့ရသဖြင့် ....သူ ခန့်မှန်းတာ မမှားဟု ဆိုရမည်...သူ လက်ထပ်ရမည့်သူမှာလည်း ဝမ်ရိပေါ်ပင် ဖြစ်လိမ့်မည်လို့ သူ ခန့်မှန်းမိသည်...
ယခင်က.. သေချာ မတွေးမိသဖြင့် မဆက်စပ်မိခြင်းဖြစ်သည်... မျိုးနွယ်နာမည်တူနေ
သလို... တခြား ဘယ် ယောကျာ်း မိန်းမမှ သူနှင့် အနီးကပ် နေခွင့်မရအောင် တားမြစ်
ထားခဲ့ပေမယ့်ဝမ်ရိပေါ်လို ရုပ်ရည်မျိုးနဲ့သူကို အနီးကပ်နေခွင့်ရသည်သာမက အိပ်ယာထဲထိပါ ရောက်
လာတာကို တားဆီးမည့်သူမရှိတာကို တွေးရင်း သဘောပေါက်လာခဲ့သည် ..သူဟာ.... ယခင်တည်းက ဝမ်ရိပေါ်ရဲ့ လက်ခုပ်ထဲက ရေဖြစ်ခဲ့သည် မဟုတ်လား...
သူ့ အထီးကျန်မှုနှင့် အခြားသူများနှင့် အနေမနီးစပ်မှုကို အခွင့်ကောင်းယူကာ....အထိ
အတွေ့မှာ သာယာလာအောင် လုပ်ခဲ့သည်... သူ့နှလုံးသား တစ်ခုလုံး ယိုင်လဲကျသွား
အောင် လုပ်ခဲ့သည်... လွမ်းမောတမ်းတနေအောင် လုပ်ခဲ့သည်...မင်း နိုင်ပါတယ်.... ငယ်
ကိုယ့်ဘဝ တစ်ခုလုံးကို အပိုင်သိမ်းထားတဲ့အပြင် ကိုယ့်နှလုံးသားကိုပါ မင်းအရယူနိုင်ခဲ့
ပါတယ်...ချစ်ရသူရဲ့ လှည့်စားခြင်းကို ခံခဲ့ရလို့ နာကျင်ဝမ်းနည်းလှပေမယ့်
ကိုယ် ခုထိ မင်းကို တမ်းတ နေတုန်းပါ..စိတ်နာနေမိလျက်နဲ့ လွမ်းဆွတ်မိနေတယ်ဆိုတည်းက မင်းကို တကယ်ချစ်ခဲ့မိတယ်
ဆိုတာ.... သေချာခဲ့ပါတယ်..."ရှောင်းကျန့်.... မင်း အသည်းကွဲတာလဲ.... ၆ လ လောက်ရှိနေပြီ.... မင်းဟာက ဟုတ်
တော့ မဟုတ်သေးဘူး.... မမေ့နိုင်တာကိုများ ဘာလို့ ကိုယ့်ကိုကိုယ် ဒုက္ခပေးနေရတာ
လဲ ''"ငါ့ကိုယ်ငါ ဆန်းစစ်နေတာပါ.... သူ.... ငါ့ကို ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့.... ခွင့်လွှတ်နိုင်တဲ့
အထိ ချစ်နေတာ သေချာမှ ငါ....သူ့ဆီ ပြန်ချင်တယ် ''
![](https://img.wattpad.com/cover/270143442-288-k239491.jpg)
VOCÊ ESTÁ LENDO
Idol လေးရဲ့ ချစ်သူ
Fanficအချစ်ဆိုတာ ဘာမှန်းမသိတဲ့အရွယ်တည်းက ချစ်သူကို အပိုင်သိမ်းထားခဲ့တဲ့ အချစ်လူဆိုးလေးကို မမုန်းလိုက်ပါနဲ့ ကိုကို....