Part 19

1.7K 102 0
                                    

Idol လေးရဲ့ချစ်သူ
Part 19

ပါး ခေါ်ခိုင်းလို့.. သူပစ္စည်းတွေ သိမ်းနေရာမှ ပါးနေတဲ့ ဒုတိယထပ်ကို ဆင်းလာခဲ့သည်
လှေကားအဆင်းမှာ ဖေးဖေးကို တွေ့တော့ အောင်နိုင်သူ အပြုံးမျိုးနှင့် ပြုံးပြလာသဖြင့်
နားမလည်နိုင်စွာပဲ .. ပြန်ပြုံးပြမိသည်..

ဘာတွေ ကြံစည်ထားပါလိမ့်.... ပါး ခေါ်တယ်ဆိုတော့.. ဖေးဖေးရဲ့ အကြံအစည် အကောင်
အထည်ပေါ်ပြီဆိုတဲ့ သဘောလား... ငယ်ကလဲ.. သူ့သူငယ်ချင်းတွေကို သွားနှုတ်ဆက်နေ
လို့ အိမ်မှာမရှိ..

"ဟင်းးး .. ဘာဖြစ်ဖြစ်... ငါက.. ငြင်းပိုင်ခွင့်မရှိတဲ့သူပဲ ...''

စိတ်ကို ပြင်ဆင်ထားကာ .. ပါးအခန်းတံခါးကို ခေါက်ပြီး ဝင်ခွင့်တောင်းလိုက်သည်...ဝင်ခွင့်
ရတာနဲ့.. ပါးရှေ့က ဆိုဖာပေါ်မှာ ထိုင်ပြီး.. ပါး ပြောလာမယ့်စကားကို နာခံဖို့ ပါးမျက်နှာကို
ကြည့်နေမိသည်...

"ကျန့်ကျန့်... ဝမ်ငယ်က.. ဖေးဖေးကို အခန်းထဲအဝင်မခံဘူးပြောတယ်.. ပါးရှိတဲ့ ဒီအိမ်မှာ
တောင် အဲ့လိုလုပ်နေရင် ဘေကျင်းမှာဆိုရင် သူက အိမ်ဖော်လိုဆက်ဆံခံရမှာပဲတဲ့ ..
ဝမ်ငယ်ကို.. သား နားဝင်အောင် ပြောကြည့်သေးလား ''

"ပြောပါတယ် ပါး.. ဒါပေမယ့် .. ငယ်က လက်မခံဘူး... သား ထွက်သွားပေးရမယ်ဆိုရင်လဲ
ထွက်သွားပေးပါ့မယ် ''

"သားထွက်သွားရင် ဝမ်ငယ်ပါ ထွက်သွားမှာပေါ့ .. အင်း.. ဝမ်ငယ်အကြောင်းလဲ ပါး သိပြီး
သားပါ.. ဒါပေမယ့် ပါးတို့ ဝမ်အိမ်မျိုးဆက်ရဖို့အတွက်ကလဲ..အရေးကြီးတယ် ..ဒါကြောင့်
ပါး စီစဥ်တာကို ကျန့်ကျန့် လက်ခံပေးပါ ''

"ဟုတ်ကဲ့ ပြောပါ ပါး.. ''

"သား ဒီည.. ပါးရဲ့ ဟိုတယ်တစ်ခုမှာ သွားအိပ်လိုက်ပါ... ပါးရဲ့ driver လိုက်ပို့ပေးလိမ့်မယ်
ဝမ်ငယ်ဖုန်းခေါ်ရင် မကိုင်နဲ့နော်.. ဝမ်ငယ်မပြန်လာခင်.. ​သွားလိုက်သား ''

"ဟုတ်ကဲ့ပါ ပါး ''

ပါးကို နှုတ်ဆက်ပြီး လေးကန်တဲ့ခြေလှမ်းတွေနဲ့... အောက်ထပ်ကို ဆင်းလာခဲ့မိသည်..
ပါးစီစဥ်ပေးတဲ့ကားနဲ့... ဝမ်အုပ်စုက ဟိုတယ်တစ်ခုဆီကို ပို့ပေးသဖြင့် ဟိုတယ်ခန်းထဲက
မွေ့ယာပေါ်တွင် ခြေပစ်လက်ပစ် လှဲကာ... မျက်လုံးစုံမှိတ်ထားမိသည်..

Idol လေးရဲ့ ချစ်သူ Onde histórias criam vida. Descubra agora