နွေဦးမှာ လက်တွဲဖော်နဲ့အတူ protest ကြစို့
" မိန်းကလေးများ ရှေ့မတက်ကြပါနဲ့ "
leader ထံမှ အော်သံကြောင့် ရှေ့ရောက်နေသော သူတို့တစ်ဖွဲ့လုံး အနောက်ဘက်ကပ်ရပ်ရှိ ယောက်ျားလေးများနှင့် နေရာချိန်းလိုက်ကြသည်။
နေကတဖြည်းဖြည်းမြင့်လာလေပြီ။ ဗိုက်တွေလည်း ဆာလှပြီ။ မကြာခင် သပိတ်ကြောင်းက လမ်းခွဲတော့မည်။
ညနေပြန်စုဖို့ plan ချထားသည်မို့ ခါတိုင်းလို သပိတ်ကြောင်းခွဲသည်နှင့် ဆိုင်တစ်ခုခုထိုင်ဖို့ ကြိုတိုင်ပင်ထားကြ၏။ ဘယ်ဘက်လက်တွင် ကိုင်ဆောင်ထားသည့် banner က ချွေးများဖြင့် ကပ်စီးလာနေပြီ။ ချော်ကျတော့မည့် banner အတွက် လက်ပြောင်းကိုင်းလိုက်ချိန် ..
" ရဲတွေတက်လာတယ် ... ထိုင်ချ "
သွားနေကျ သပိတ်ကြောင်း၏ ကိုက်၅၀၀ အကွာလောက်တွင် တန်းစီရပ်နေကြသော ရဲများ။ တစ်ခါမျှ ရဲများနှင့် ထိပ်တိုက်မတွေ့ဖူး၍ ဒူးတွေပါ တုန်လာသလိုပင်။
" ဟေး ဘာလဲ .. စည်းတွေ့လား "
" မတွေ့ဘူး "
" စည်းမပါပဲ ဘာလို့ သူတို့က ပိတ်ထားရတာလဲ "
တခြားနယ်မြေများတွင် violent crackdown များကြားနေရသော်လည်း သူတို့အနေနှင့် ထိပ်တိုက်မတွေ့ဖူးသေး။
အခုတော့ နဖူးတွေ့ဒူးတွေ့ တွေ့ရလေပြီ။
" လူစုခွဲပေးကြပါ .. မခွဲရင် ပစ်ရပါလိမ့်မယ် "
" ဘာ .. ငါတို့က ဘာကိစ္စ လူစုခွဲပေးရမှာလဲ .. ငါတို့ဘာသာ အေးအေးဆေးဆေး စစ်ကြောင်းချီလာတာလေ .. ဒီ.. "
နောက်ထပ် ထပ်မဆိုတော့ပဲ ရှေ့သို့သာ တအိအိတက်လာ၍ ထိုင်ချလိုက်ရသောသူတို့သည်လည်း နောက်ကို ဆုတ်ပေးနေရလေပြီ။ ရုတ်တရက်ဆိုသလို အပြေးတက်လာသည့် ရဲများကြောင့် front line ရှိ အစ်ကိုများ ဖိခံလိုက်ရလေတော့သည်။
အတူပါလာသော သူငယ်ချင်းများက အားကိုး၍မရ။ သူတို့လူကိုယ်စီက ဆွဲခေါ်သွားကြတော့ ခြေလှမ်းနှေးကျန်ခဲ့ရသူက သူတစ်ယောက်သာ။
တုတ်များနှင့်ရိုက်နှက် ဝိုင်းဆွဲနေ၍ ပြေးနိုင်သူကတော့ လွတ်ပေမည်။ လူနေအိမ်ခြေထက် စားသောက်ဆိုင်များသာ ရှိသည်မို့ ထိုဘက်ပြေးလျှင် သူလွတ်နိုင်လောက်သလား။

YOU ARE READING
Spring Revolution One Shots
Non-FictionI just want to upload here my works from facebook. Enjoy!!!