" သပိတ် သပိတ် "
" မှောက် မှောက် "
" စစ်အာဏာရှင် ကျဆုံးရေး "
" တို့အရေး တို့အရေး "
" နိုင်ငံအလင်းပြန်ရဖို့ "
" CDM ကို အားပေးကြစို့ "
အူထွက်လာသောနားကိုပိတ်ကာ အသက်တစ်ချက်အောင့်မိသည်။ လှမ်းထွက်လာသောလူအုပ်ကြီးသည် အတော်များ၏။ ဤအချိန်တွင် ကိုဗစ်သော ဘာသောမသိကြတော့။ နေပူပူအောက် ခြေတိုအောင်လျှောက်နေကြသောလူများသည် အတော်ပင်ပန်းနေလောက်ပြီ။
သက်မတစ်ချက်ချကာ လက်ထဲမှကိုင်ထားသော ကျွတ်ကျွတ်အိတ်ထဲမှ ဖော့ဘူးများကို ထုတ်ပြီး ရှေ့ကဖြတ်လာသမျှ လူတိုင်းလက်ထဲရောက်အောင်ကမ်းပေးနေမိသည်။
" ကော်ဖီ ရောင်းလားဟင် "
အနားရောက်လာသည့် မိန်းကလေးတစ်ယောက်။ ခေါင်းတွင်ဆောင်းထားသည့် ဦးထုပ်အနက်ရောင်လေးကို ဆွဲချွတ်ကာ သူ့အနားလာမေးလေ၏။
" ရောင်းတာမဟုတ်ဘူး တိုက်တာပါ .. ခဏနော် "
လက်ထဲက ဝေလက်စဖော့ဘူးကို ဘေးရှိတစ်ယောက်လက်ထဲထိုးထည့်ပေးလိုက်ပြီးနောက် ဖော့ခွက်ထဲ ကော်ဖီတစ်ခွက်ဖျော်ပေးမိသည်။ ထို့နောက် ရှေ့က မိန်းကလေးလက်ထဲထည့်တော့ မိန်းကလေးက လှမ်းယူ၏။ တစ်ဆက်တည်းမှာပင် Mask ကိုချွတ်ကာ ကော်ဖီနွေးနွေးကို အေးသွားစေရန် တဖူးဖူးမှုတ်နေသော မိန်းကလေး။
" ခင် ... ခင် ဟုတ်တယ်မလား "
သူ့ထံမော့ကြည့်လာသည့် မျက်လုံးဝိုင်းဝိုင်းလေးများက အဟုတ်ကို ခင်ဖြစ်နေခဲ့သည်။
" ဘယ်သူ .. "
" ဖုန်း .. ထိုက်ထိုက်ဖုန်း လေ "
" မဟုတ်.. ဟင် "
" ဖုန်း ပါ "
ခင် အံ့ဩသွားလောက်ပါ၏။ သူက အရင်တုန်းကလို ခင့်သူငယ်ချင်းမလေး ထိုက်ထိုက်ဖုန်းမှမဟုတ်တော့ပဲ။ သူငယ်ချင်းယောက်ျားလေးဟု ဆိုသင့်သလား။
" ဟင် ... ဘယ်လိုဖြစ် ... ဖုန်း .. နင် တကယ်ကြီး .. နင် "
တစ်ချိန်က ခင်မင်ခဲ့ရသော မိန်းကလေးတစ်ယောက်ကို ချက်ချင်းလက်ငင်း ယောက်ျားလေးတစ်ယောက်အဖြစ် မြင်တွေ့လိုက်ရရင်ကော သင်တို့ ဘာဆက်လုပ်မလဲ။
#CoupDestiny
YOU ARE READING
Spring Revolution One Shots
Non-FictionI just want to upload here my works from facebook. Enjoy!!!