နွေဦး၏ရောင်နီကလေးများ(Z)

11 1 0
                                    

နွေဦး၏ရောင်နီကလေးများ

" ဦးလေး ဘယ်ရောက်နေပြီလဲ "

" လှည်းတန်းနားမှာ .. လမ်းပိတ်နေတယ် "

" ဘာလဲ ဘာပြောလဲ "

" လှည်းတန်းနားမှာ လမ်းပိတ်နေတယ်တဲ့ "

ဒီအခြေအနေကြီး ရန်ကုန်ကိုမဆင်းပါနှင့်ဟု အတန်တန်ပြောသော်လည်း မနာခံသူ ဘိုးတော်သည် အဝတ်ထုတ်ဆွဲကာ ဒရိုင်ဘာနှင့် နှစ်ယောက်တည်း ရန်ကုန်သို့ဆင်းသတဲ့။

ငယ်စဉ်ကဖခင်၏ သံကွန်ချာအောက်မှ ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ရသည့် သပိတ်သွေးသည် အသက်ကြီးမှ ပြန်ထလာလေသလားမသိ။ တမလွန်မှ ဖခင်ကြီးသာသိလျှင် သားကြီးရာ ဟု ဆွဲချုပ်ထားမလားမသိ။

ယခုလည်း တောင်သာတွင်မနေပဲ မန်းလေးတွင် နေ၏။ မန်းလေးသပိတ်ကြောင်းများ၏ ရှေ့ဆုံးတွင် ကလေးငယ်များအတွက် protection အပြည့်အဝလှူ၏။ အစားအသောက်ဆိုလည်း မလွတ်စေရ။ Front Line တွင် နေမည်တကဲကဲလုပ်နေ၍ အသက်ကိုပြန်ငဲ့ဦး ဟု တားနေရသည်။

အခုတော့ မန်းလေးတွင် protest support လုပ်၍ အားချိန်မရဟု ထင်နေရသည့်အချိန်မှာမှ ရန်ကုန်ကိုဆင်းသွားပြန်၏။ အကြောင်းပြချက်ကတော့ ရန်ကုန်ရှိ သူတို့လုပ်ငန်းစုခွဲအား boycott စာရင်းထဲ ပါလာ၍ ဟူသတတ်။

၈၈ တစ်ခွင် ပြဲပြဲစင်အောင် ထောက်ပံ့ရေးလုပ်ခဲ့ဖူးသူသည် ယခုတော့ သူ့ပိုင်လုပ်ငန်းအား boycott ခံရ၍ ဆတ်ဆတ်ခါနာသည့် ဘိုးတော်သည် ငါထိုင်မနေနိုင်တော့ဘူးဟုဆိုကာ ဆင်းချသွားခြင်း။

" ဦးကငယ်တော့တာမှ မဟုတ်ပဲ.. သူ့ကိုယ်သူထိန်းနိုင်မှာပါ "

မျက်လုံးတစ်ချက်လှန်ကြည့်ကာ ပြောသည့်လူသားလေးကို စိတ်ထဲမချင့်မရဲဖြစ်မိပြန်သည်။ ဇာတ်အဖွဲ့တစ်ခုလုံး အနားယူလိုက်ရ၍ စားရေးသောက်ရေးအတွက် စီမံပေးနေရသူသည် ဆံပင်တွေပါ ဖြူလာလောက်ပြီလားဟု နေ့တိုင်းမေးလာတတ်သူ။

ဤကလေးငယ်အား တစ်သက်လုံးကလေးငယ်အဖြစ်သာ သူမြင်ပါသည်ဆိုလျှင် ထိုကလေးငယ်က သူ့ကို ထရိုက်ပေလိမ့်မည်။ ကြည့်လိုက်လျှင် နူးနူးညံ့ညံ့။ သူ့အပေါ် ကြမ်းတမ်းတတ်သော ထိုတစ်ချိန်ကို ခင်ဗျားလေးတို့မသိလို့။ ဟင်း.. အခုနေများ အသည်းယားသည်ဟု ဆိုကာ သွားဖက်နမ်းလျှင် သူခံရဖွယ်သာရှိ၏။

Spring Revolution One ShotsOù les histoires vivent. Découvrez maintenant