Part14

324 51 6
                                    

တနင်္ဂနွေနေ့မာတော့ အင်္ကျီဝယ်ဖို့
အကြောင်းပြုကာ နှစ်ယောက်သား
Shopping ထွက်ခဲ့ကြသည်
ယောကျာ်းလေးတွေမို့ကွေ့ဝိုက်မနေဘဲ
အင်္ကျီဆိုင်ကိုသာတန်းတန်းမတ်မတ်ဝင်ခဲ့
ကြသည်

"ဒီပုံစံကအရမ်းရိုးလွန်းမနေဘူးလား"

သတို့သားမောင်လည်းဖြစ် ဂုဏ်ပြုသီချင်း
လည်းဆိုပေးမည့်သူဖြစ်၍ ပေါ့ပေါ့ပါးပါး
အင်္ကျီထက်Suitနဲ့ပိုလိုက်ဖက်သည်မို့
ဒီဇိုင်းရွေးနေပေမယ့် coat အနက်ရောင်
ကိုသာမာန်Necktie အနက်နဲ့သာတွဲယူ
သည်မို့ဒဇိုင်းကရိုးနေသည်

"အင်း...ဒါပေမယ့်ဒါလေးဘဲသဘောကျ
နေလို့"

"အင်းပါ မင်းကြိုက်တယ်ဆိုရင်ပြီးရော"

ပတ်ကိုယ်တော်ချောအကြိုက်ဝယ်ပြီးတော့
မိမိအတွက်ရွေးရပြန်သည် suit ဝတ်ရ
လောက်အောင်မလိုသည်မို့ ပေါ့ပေါ့ပါးပါး
Shirt အဖြူနဲ့ Style-pants အနက်သာ
ရွေးလိုက်သည် Yeollieကိုသာရိုးလွန်း
တယ်ပြောနေတာ မိမိလည်းသာမာန်
ဒီဇိုင်းသာရွေးလိုက်သည်မလား

အင်္ကျီဝယ်ပြီးတော့ ဖိနပ်ဆိုင်ဝင်ကာ Shoes ဝင်ဝယ်ပြီးအထွက် Yeollieရဲ့
အဆက်ဟောင်းကြီးနဲ့တွေ့လေသည်

"ဟယ်...မောင်လေးChanyeol...ဈေး
လာဝယ်တာလား"

"Arr..Nae..အိမ်ကမမ မင်္ဂလာဆောင်မှာ
ဝတ်ဖို့ အင်္ကျီလာဝယ်ကြတာပါ"

ဟုတ်ကဲ့ လို့ပြောလိုက်ရင်ပြီးနေတာကို
ဒင်းကလည်းအရစ်ရှည်ချင်နေသေးတာ-_-

"Aww...Kyungsooနဲ့လာတာလား
နှစ်ယောက်သားအမြဲ တပူးပူးတတွဲတွဲ
နော်"

"ဟုတ်ကဲ့ ကိစ္စလေးရှိသေးလို့ခွင့်ပြုပါဦးဗျ"

မိမိဘက်မြှားဦးလှည့်လာသည်မို့ Yeollieကစကားဖြတ်ကာဆွဲခေါ်လာ
တော့ကျေနပ်မိသလိုလို...

"အဟမ်း...အဲ့ဒါကအရသာရှိမယ့်ပုံဘဲ"

Yeollieအာရုံပြောင်းအောင်ရေခဲမုန့်ဆိုင်
ရှေ့ကဖြတ်တော့ စားချင်နေတဲ့လေသံနဲ
့ပြောလိုက်သည်

"စားမလား ငါဝယ်ကျွေးမယ်"

"Sugar boyfriend ကြီးပေါ့"

"မင်းလိမ္မာရင်မင်းအတွက်ကြီးဘဲ"

"မလိမ္မာဘူးကွာ"

Best friend to boyfriend (Completed)Hikayelerin yaşadığı yer. Şimdi keşfedin