Part4

474 74 4
                                    

အခုတလောChanyeollie မူမမှန်
အရင်ကလောက်တတ်တတ်ကြွကြွမရှိ
စကားလည်းသိပ်မပြော ဖုန်းကိုအမြဲကိုင်
ကာစာပဲရိုက်နေသည်

"Chanyeolမင်းKyungsoo ကြိုက်နေတဲ့
သူကိုသိလား"

Baekhyun ရဲ့စကားကြောင့်အကုန်လုံး
ကသိချင်နေတဲ့မျက်လုံးလေးတွေနဲ့ဝိုင်း
ကြည့်ကြတော့သည်
အခုတလောတစ်အုပ်စုလုံးစိတ်ဝင်စားနေ
တာက ကျွန်တော်သဘောကျနေသည့်လူ
ဘယ်သူလဲဆိုတာပင်

"ဘယ်သိမလဲ အာရုံလာမနောက်နဲ့ကွာ
ဒီမှာ မနဲ့ chatနေတယ်"

"မင်းတို့ကလည်း တွဲမှာဖြင့်တွဲကြတော့ကွာအီနေတာတစ်လကျော်နေပြီ"

Yixingကမြှောက်ပေးတော့ Junmyeonက

"ဖြေးဖြေးပေါ့ကွမင်းသာတစ်ပတ်လောက်
ပဲတွေ့ကြည့်ပြီး တခါတည်းယူ Chanyeol
ရောဘယ်နှစ်ခါတွေ့ဖူးလဲ"

"သုံးခါလောက်တော့တွေ့ကြည့်ပြီးပြီ
ညတိုင်းလဲစကားပြောဖြစ်တယ် ဒါပေမယ့်
တွဲရမှာကျစဉ်းစားရဦးမယ်လေ"

"လောရှည်တောင် စော်ရတော့မှာ Kyungsoo မင်းရောဘယ်အခြေအနေလဲ"

"ဘာကိုဘယ်အခြေအနေလဲ"

"ဟိုကမင်းကိုသိလား သဘောကျတဲ့အရိပ်
အရောင်ရောပြလား ဘာညာဘာညာကွာ"

"အင်း ငါ့ကိုသိတယ် တော်တော်လည်းခင်
တယ် ဂရုလည်းစိုက်တယ် ဘာမစားဘူး
ဘာမကြိုက်ဘူးဆိုတာကစသိတယ်"

"Park chanyeol နောက်တယောက်
ပေါ့"

Junmyeon မှတ်ချက်ကိုအားလုံးက
ထောက်ခံကြကာ Baekhyunက

"အဲ့လူက မင်းကိုသဘောကျနေပြီဆိုတာ
သေချာတယ်"

ထိုစကားကြောင့် စာရိုက်နေတဲ့ Yeollie
လည်းမော့ကြည့်လာသည်

"ဟင့်အင်း သူ့မှာသဘောကျနေတဲ့သူရှိ
တယ်ကွ"

အားလုံးကစိတ်မကောင်းတဲ့အကြည့်တွေနဲ့ပြောင်းကြည့်ကြပေမယ့် Yeollie က
တော့ခေါင်းငုံ့ကာ စာပြန်ရိုက်နေသည်

"အူးဝါး.....ငါတို့ရဲ့ Kyungsooလေး
မပူနဲ့ဒီကBaekkieလေးကူညီမယ် မင်း crushက မင်းကိုပြန်ကြိုက်လာစေရမယ် ကွာ"

"အင်း...ကူညီပါဦးကွာ"

လုံလောက်ပါပြီ
သူ့အချစ်ကိုရှေ့တန်းမတင်ဖို့
ချစ်ရသူရေ ချစ်ရသူနဲ့အဆင်ပြေပါစေ
.....

Best friend to boyfriend (Completed)Onde histórias criam vida. Descubra agora