Part19

319 50 2
                                    

"ငါမင်းဒါတွေမလုပ်တော့ဘူးထင်နေတာ"

ဂစ်တာတစ်လက်ကိုကောက်ကိုင်ပြီးတီး
နေတဲ့Chanyeolကို pianoရှေ့ကခုံပေါ်
မှာထိုင်နေရင်းလှမ်းမေးလိုက်သည်

"လုပ်ဖြစ်တယ်လို့လဲမဟုတ်ပါဘူးကွာ
ပျင်းနေတဲ့အချိန်ဝင်လာပြီး တစ်ခုခုတီးနေ
လိုက်တာဘဲ"

"သီချင်းတွေရော ရေးဖြစ်သေးလား"

"ဟင့်အင်း"

အဖြေပေးပြီးဂစ်တာကိုသာပြန်တီးနေတဲ့
သူ့ကိုထိုင်ကြည့်နေလိုက်သည်

သံစဉ်ရယ်လို့တိတိကျကျမရှိဘဲစိတ်ထဲရှိ
ရာတီးနေတဲ့သံစဉ်တွေကနေသံစဉ်တစ်ခု
ကိုသေချာတီးခတ်လိုက်သည့်Yeollie
က မိမိကိုမော့ကြည့်လာကာ

"Gi Chan No Di သဘောတူလား"

သဘောတကျပြုံးပြလိုက်ပြီး

"အင်း..."

သူတီးနေတဲ့ သံစဉ်နောက်လိုက်ကာ

"If i was your boyfriend,I'd never
let you go..."

Yeollieကတော့ရှက်ပြုံးကြီးနဲ့

"I can take you places you ain't
never been before..."

အိမ်အပေါ်ထပ်မှာတော့ လွန်ခဲ့တဲ့6နှစ်
ကျော်ကအတိုင်း Boyfriendသီချင်းသံ
ကတူညီစွာပျံလွှင့်လို့...

မတူတာက အဲ့တုန်းကသူငယ်ချင်းအနေနဲ့
အခုတော့ ချစ်သူတွေအနေနဲ့❤
.
.
.
ကော်ဖီဆိုင်လေး ဖွင့်ချင်တဲ့စိတ်ကူးကို
Yeollie ကအကောင်အထည်ဖော်ပေး
လေသည် ဆိုင်အပြင်အဆင်ကတော့
ပြောစရာမလိုအောင်ကို သူ့လက်ရာပင်
သူ့နေရာလေးနဲ့သူ ချစ်စရာလေးတွေဖြစ်
အောင်ပြင်ပေးထားသည်

"သဘောကျရဲ့လား Kyungsoo"

ဆိုင်ထဲကခုံမှာထိုင်ရင်း ဆိုင်အပြင်အဆင်
ကိုကြည့်နေတုန်း ဘေးကိုရောက်လာကာ
Yeollieကဆိုလေတော့

"အင်းသဘောကျတယ် ဆိုင်အပြင်အဆင်
ရော ပြင်ပေးတဲ့သူကိုရော"

"Ya...ဆိုင်ထဲမှာအနမ်းခံချင်နေတာလား"

"အင်း အသစ်အဆန်းဖြစ်တာပေါ့"

"ဟေးဟေး...တော်ပြီ ငါတကယ်လုပ်မိ
တော့မယ်"

လက်တခါခါနဲ့ပြောကာ ရှေ့ကာခုံမှာဝင် ထိုင်လိုက်သည်

Best friend to boyfriend (Completed)Where stories live. Discover now