ရုံးခန်းဖွင့်ကာစတင်အလုပ်လက်ခံချိန်မှာ
တော့ Kyungsooဟာတပ်ကြပ်ကြီးတစ်
ယောက်ရဲ့တာဝန်ကိုယူနေရချိန်ဖြစ်သည်ရာထူးတိုးသွားတဲ့အလျှောက်တာဝန်တွေ
လည်းပိုများလာသည်မို့ အကြင်နာစကား
တွေပြောဖို့လည်းအချိန်ကသိပ်မရှိတော့
စားဖိုဆောင်ကမို့ညနက်မှအိပ်ရကာမနက်
စောစောထရတဲ့တပ်ကိုဘာလို့ရွေးချယ်ခဲ့
သလဲဟုမေးချင်ပေမယ့်ထိုမေးခွန်းရဲ့အဖြေ
ကိုမမေးခင်ကတည်းကသိနေလေတော့📩စစ်တပ်စာဖိုမှူးကြီးအား အလေးပြု
ဆိုတဲ့စာလေးသာပို့ပြီးဂုဏ်ပြုခဲ့သည်
လုပ်ငန်းကအချိန်ကြာလာတော့အောင်မြင် လာသည်ဟုဆိုရမည်ခေတ်မီတဲ့ဒီဇိုင်း
တွေကြောင့်ရော အလုပ်သမားတွေတင်မ
ဟုတ်ဘဲသူကိုယ်တိုင်လိုက်ရောက်ကြီးကြပ် ပေးတာကြောင့်အလုပ်အပ်တဲ့သူတွေ
ကသဘောကျကာ တဆင့်စကားတဆင့်
ကြားပြီး တော်တော်အလုပ်ဖြစ်လာသည်January လရဲ့25ရက်မြောက်နေ့မှာ
တော့ရာသီဥတုကပုံမှန်ထက်ပိုသာယာ
နေသယောင် သောက်နေကျကော်ဖီခါးခါး
ကတောင်ချိုနေသလို
ဝတ်နေကျအဝတ်တွေထဲကနေတောင်
လိုက်ဖက်မည့်အဝတ်ကိုရွေးချယ်
နေမိသည် ဒီနေ့ကြည့်ကောင်းပြီးအမြင်
တင်တယ်ဖို့ရာကိစ္စရှိလေတော့...
.
.
.
"Kyungsoo ya...."စစ်တပ်ဂိတ်ကနေအထုတ်တပွေ့တပိုက်နဲ့
ထွက်လာတဲ့ကောင်လေးကိုပြေးဖက်ကာ
လက်ထဲကအထုတ်တွေကိုလွဲပြောင်းသယ် ယူပြီးဆောင်းထားတဲ့ဦးထုတ်ကိုဆွဲချွတ်
လိုက်တော့"Ya..."
ဖုန်း....
နောက်ကျောကိုတစ်ချက်အကျွေးခံလိုက်ရ
ပေမယ့်အရင်ကအရိုက်ခံရတာထက်ပိုပြီး
ပျော်နေမိသည်အိမ်ပြန်လမ်းတစ်လျှောက်
လုံးလည်းစကားတွေအများကြီးပြောကြ
ရင်းပျော်နေမိကြသည်
ဂျပန်ကပြန်ရောက်တဲ့အချိန်ထက်တောင်
ပိုပျော်မိသည်ထင်သည်
...အိမ်တံခါးကိုဖွင့်ဖွင့်ချင်း Ommaက
ဆီးဖက်ကာကြိုသည်
Appaနဲ့ Hyungကတော့
ဂုဏ်ယူနေဟန်အပြုံးတွေနဲ့Yeollieကတော့အိမ်ရှေ့ထိလိုက်ပို့ပေး
ကာမိသားစုနဲ့အချိန်ပေးခိုင်းပြီး ညကျမှ
လာခဲ့မယ်ဟုဆိုကာသူ့အိမ်သူပြန်သွား
သည်မို့တစ်နေ့လုံးမိသားစုနဲ့သာအချိန်
ကုန်ဖြစ်သည်
![](https://img.wattpad.com/cover/265288716-288-k963819.jpg)
YOU ARE READING
Best friend to boyfriend (Completed)
Fanfictionဖရန့်ဇုံကနေထွက်ကြစို့... ဖရန့်ဇုံကနေထွက်ကြစို့... Chansoo ZG+Uni 8.4.2021-17.6.2021 Edit: 3.8.21 - 4.8.2021