Part16

313 56 4
                                    

တက္ကသိုလ်ဒုတိယနှစ်ရောက်တော့
ကိုယ်ပိုင်ကားနဲ့ကျောင်းတက်ခွင့်ရခဲ့သည်
တရုတ်ပြန်သွားကြတဲ့Yi Fan Hyung
တို့ Zi Tao တို့လိုပြိုင်ကားစီးချင်တယ်ဆို၍
Park Appaနဲ့သားအဖစကားများကြ
သေးသည် စကားများတယ်ဆိုတာထက်
Appaကိုဂျစ်တိုက်သည်ဆိုပိုမှန်သည်

"Park Chanyeol အေးဆေးဝယ်ပေးတဲ့
ကားကိုစီးမှာလား အရင်ကလိုဘတ်စ်
ကားဘဲစီးမှာလား"

"ပြိုင်ကားစီးချင်တာလို့!!!"

"မရစ်စမ်းနဲ့"

"Appa!!! ဝယ်ပေးနိုင်ရဲ့သားနဲ့ကို လုပ်ပါ
သားစီးချင်လို့"

ကြမ်းပြင်ပေါ်ခြေထောက်ကြီးကားယား
ဆင်းပြီးအော်ဟစ်နေတဲ့ Yeollieက
ကလေးဆိုးကြီးတစ်ယောက်လို

"Park Chanyeol စီးမှာလား မစီးဘူး
လား"

Appaရဲ့အသံမာမာကြောင့်ကြောက်သွား
ပြီးလက်ခံလိုက်သည် ဒါပေမယ့်သူ့မူအ
တိုင်းလေကတော့မလျှော့

"စီးမယ်စီးမယ် ပေးကားသော့ လုံးဝကို
ဘေးကလူတွေကြည့်ရင်ကျွန်တော်ကမွေး
စားသားပုံပေါက်နေပြီ ဟွန့်"

ဤသို့ဖြင့် အရည်အသွေးခပ်မြင့်မြင့်ထဲက
ကားအနက်လေးကို စီးခွင့်ရခဲ့သည်ပေါ့
တချို့ပိတ်ရက်တွေဆို ကားတစ်စီးနဲ့နှစ်
ယောက်သားမြို့ထဲပတ်ကာမုန့်စားပြီး
လည်ကြသည်အရာအားလုံးမှာတော်လွန်း
တဲ့ Yeollieကကားမောင်းရာမှာလည်း
ကျွမ်းကျင်လှသည်သူ့ကြောင့်ပင်မိမိလည်း
တရားဝင်ကားမောင်းလိုင်စင်ရခဲ့သည်

တက္ကသိုလ်ကျောင်းသားဘဝကိုလေးနှစ်
တာဖြတ်သန်းပြီးသကာလဘွဲ့ယူရန်စောင့်
ဆိုင်းနေချိန်ဖြစ်သည်

စတွဲတဲ့အထက်တန်းနောက်ဆုံးနှစ်ကနေ
ယနေ့ချိန်ထိ တခါတလေနားလည်မှုလွဲ၍
စကားများတာရှိပေမယ့်ရက်မကူးဘဲ ပြေ
လည်ခဲ့တာချည်းပင်

နှစ်တွေအကြာကြီးသူငယ်ချင်းလိုရော
ချစ်သူလိုပါစိတ်တူကိုယ်တူရှိ၍ ပြသနာ
ကြီးကြီးမားမားဟူ၍မရှိခဲ့သော မိမိတို့
relarationship ကိုမိမိကိုယ်တိုင်ကပင်
ကျေနပ်ခဲ့သည်

တွဲနေကြောင်းမိဘတွေနဲ့ ငယ်သူငယ်ချင်း
အုပ်စုသာသိကြသည်မို့ ပတ်ဝန်းကျင်ရဲ့
အပြောအဆိုတွေလည်း မရှိသေး၍
သာသာယာယာရှိနေသေးသည်ဟုဆိုရမည်

Best friend to boyfriend (Completed)Where stories live. Discover now