မြည်လာတဲ့နိုးစက်သံနဲ့အတူနိုးထလာတဲ့
မနက်ခင်းဟာတဝါးဝါးသမ်းရင်းအိပ်ရေး
မဝချင်းနှင့်စတင်ခဲ့သည်ပုံမှန်ရက်ဆိုပြန်အိပ်ပစ်ပေမယ့် ဒီနေ့ဟာပုံ
မှန်ရက်မဟုတ်ခဲ့မိမိတို့၏ချစ်သူသက်တမ်း
ငါးနှစ်ပြည့်သည့်နေ့ပင် စတွဲခဲ့တဲ့အထက်
တန်းကျောင်းသားဘဝကမနေ့တနေ့ကလိုမျက်နှာသစ်ရေချိုးကာ ဘီရိုထဲကနေ
T shirtတစ်ထည်ရယ် ချည်ထိုးအနွေးထည်ရယ် ဂျင်းဘောင်းဘီအပြင် Long coat
တစ်ထည်ပါထုတ်ဝတ်လိုက်သည်12လပိုင်း နောက်ဆုံးပတ်ရောက်ပြီမို့အအေးဓာတ် ကပိုလာပြီဖြစ်သည်
သွားခေါ်ရမယ့်ကောင်လေးကတော့ နွေးနွေးထွေးထွေးဝတ်ခဲ့ဖို့မှာစရာ
မလိုအောင်ဝတ်လာမှာအသေအချာပင်
.
.
.
စစ်တပ်ဂိတ်ပေါက်ကနေအနွေးထည်အ
ထူကြီးတွေကြားပိနေကာလုံးလုံးလေး
ထွက်လာတဲ့ကောင်လေးကပြေးကိုက်
ချင်စရာအတိကားပေါ်ကနေဆင်းကာသွားကြိုတော့
ပြုံးပြလာကာ"ဟီး...ငါ့ပုံကတစ်မျိုးကြီးဖြစ်နေတယ်မ
လား""မဖြစ်ပါဘူးဗျာ ကိုယ်ကမင်းရဲ့အရာအားလုံးကိုသဘောကျတယ်ဟုတ်ပြီလား"
ကားပေါ်ရောက်တော့ပါးပြင်နုနုကိုမြတ်နိုး
စွာတစ်ချက်နမ်းကာ"မနက်စာအရင်သွားစားမယ် မစားရသေး
ဘူးမလား""အွန်း...ဘယ်ဆိုင်သွားမှာလည်း"
"စားနေကျဆိုင်လေးပါဆိုင်ကောင်းကောင်း တွေထက်စားနေကျလေးတွေကပိုကောင်း မယ်ထင်လို့ ဒါမှမဟုတ်သွားချင်
တဲ့ဆိုင်ရှိရင်ကိုယ့်ကိုပြောနော်""ဟင့်အင်း...ဒါနဲ့နေပါဦးစတွေ့ကတည်း
ကတကိုယ်ကိုယ်နဲ့""ဂျပန်မှာပြောနေကျအတိုင်းအကျင့်ပါသွား
လို့ပါ သိတယ်မလားဂျပန်မလေးတွေကြား
ကိုယ်ကတအားနာမည်ကြီးတော့လေ""သြော်...သြော်..."
"သဝန်တိုသွားတာလား"
"ဟင့်အင်း မင်းလိုမျက်နှာရူးကိုငါကလွဲပြီး
တွဲမယ့်သူမှမရှိတာ မင်းပြောသမျှယုံစရာ
လား""ဟားဟား...သိပ်ကိုယုံကြည်မှုတွေရှိနေ
တယ်ပေါ့လေ မွ"မီးနီနေသည်ကိုအခွင့်အရေးယူကာပါးပြင်
ကိုတစ်ချက်ဖိကပ်နမ်းလိုက်သည်
YOU ARE READING
Best friend to boyfriend (Completed)
Fanfictionဖရန့်ဇုံကနေထွက်ကြစို့... ဖရန့်ဇုံကနေထွက်ကြစို့... Chansoo ZG+Uni 8.4.2021-17.6.2021 Edit: 3.8.21 - 4.8.2021