Part6

521 69 12
                                    

"Chanyeol မင်း Kyungsooကိုကြိုက်
နေတာမလား"

Baekhyunစကားကြောင့်တစ်ကိုယ်လုံး
တောင့်သွားသလို Chanyeollie ကမိမိ
ကိုသဘောကျပါ့မလား အချစ်ဆုံးသူငယ်
ချင်းဟု သတ်မှတ်ထားတာကို

"လောရှည် တကယ်ကြိုက်နေတာလား"

"ဟေ့ကောင်...."

"ကဲကဲ သိချင်တဲ့ပရိတ်သတ်တွေများနေပြီဆိုတော့ ကြိုက်လား?မကြိုက်ဘူးလား?"

Yixingရဲ့ MCဝင်လုပ်မှုကြောင့် Chanyeollieက လည်ဂုတ်ကိုအရှည်ပြေပွတ်ရင်း...

"ဟီး...ဟုတ်တယ် ငါKyungsooကို
ကြိုက်နေတာ အလယ်တန်းကတည်းက"

ဆောင်းရာသီရဲ့ အေးဆက်မှုကခန္ဓာ
ကိုယ်ကိုမသက်ရောက်တာလား နှဖူးနဲ့
လက်တွေမှာချွေးတွေနှင့်မျက်နှာကလည်း
နွေးနေသယောင်ရင်ထဲမှာလည်း အံ့သြ
ခြင်းနှင့်အတူ ဝမ်းသာခြင်းကလည်း အချိုးညီစွာ မိမိသဘောကျနေတဲ့သူက မိမိကိုအလယ်တန်းကတည်းကကြိတ်သဘောကျနေသည်တဲ့လား ရင်အခုန်လွန်၍
စိတ်တွေတောင်ဂယောက်ဂယက်နှင့်

"ပြီးတော့ Kyungsoo...မင်းမှာကြိုက်နေတဲ့သူရှိတယ်ဆိုတာငါသိပါတယ်ကွာ
ဒါပေမယ့်ငါမင်းကိုဆက်သဘောကျနေမာ ပြီးတော့ငါ့ကိုဆက်ခင်ခွင့်တော့ပေးပါကွာ ငါ့ကြောင့်နဲ့ သူငယ်ချင်းသံယော......"

"တော်တော့!..."

"Kyung..."

"တော်တော့လို့ပြောနေတယ်"

"အာ...ဟုတ်တာပေါ့ Chanyeolကဒီလို
ပြောလိုက်တော့ Kyungsoo ကလန့်သွားမာပေါ့"

Junmyeonကဝင်ဖြေရှင်းတော့မှ Yixingနဲ့Jongdaeက Chanyeollieကိုဆွဲခေါ်သွားကြသည် Baekhyunက
တော့နှစ်သိမ့်ပေးမလို့်အမှန်က စပ်စုချင် လို့ကျန်နေခဲ့သည်

"Kyungsoo မင်းလန့်သွားတယ်မလား
ဖြစ်တတ်ပါတယ်ကွာ ဒါပေမယ့် Chanyeolကိုပြန်မကြိုက်တောင် သူငယ် ချင်းအနေနဲ့တော့ဆက်ခင်ပေးလိုက်ပါကွာ"

Baekhyunရဲ့ဆရာကြီးဆန်ဆန်စကားကိုခေါင်းခါလိုက်တော့

"မင်းကလည်းကွာ သူငယ်ချင်းသံယော
ဇဉ်ကိုထောက်ပါဦးကွ ဆယ်နှစ်ကျော်ကြီး
တောင်ခင်လာတာကို"

"Baekhyun!တိတ်တိတ်လေးနေပေး
စမ်းပါကွာ "

"Junmyeon..ငါရင်တွေအသေခုန်နေတာ"

Best friend to boyfriend (Completed)Tempat cerita menjadi hidup. Temukan sekarang