[Unicode]
ကော်ဖီတစ်ခွက်ဖြစ်လာဖို့က သိပ်ကို အသေးစိတ်ကျတယ် ။ ကော်ဖီစေ့ကို ဘယ်လောက်ကြာအောင် လှော်ရမယ် ။ ကော်ဖီမှုန့်ကို ဘယ်လောက်ကြာအောင် နှပ်ရမယ် ။ နို့ဘယ်နှစ်ဆ ၊ သကြားဘယ်နှစ်ဆ ၊ ရေနွေးဘယ်နှစ်စ ထည့်ရမယ် ။ တစ်နေရာလေး လွဲချော်သွားတာနဲ့ အရာရာဟာ ပျက်စီးသွားမှာပါပဲ ။ အဲသည်နှစ်တွေတုန်းကတော့ ရှောင်းကျန့်က သူ့ကို ပြောဖူးတယ် ။
"ကလေးလေးက ကောအတွက် mocha ပူပူလေးနဲ့ တူတယ် ။"တဲ့
ဝမ်ရိပေါ်အတွက်လည်း ထပ်တူထပ်မျှ ဖြစ်ခဲ့ပါတယ် ။
••••
ဝမ်ရိပေါ် အိမ်ရှေ့က ဒန်းလေးပေါ်မှာ ထိုင်ပြီး တစ်ယောက်ယောက်ကို စောင့်နေတယ် ။ နာရီဝက်လောက် အကြာမှာတော့ ကြိုဖွင့်ထားတဲ့တံခါးလေးဆီက ကားတစ်စီးဝင်လာပြီး စင်ဝင်အောက်မှာ ရပ်သွားတယ် ။ ကားတံခါးပွင့်လာတဲ့နောက်မှာတော့ ကိုယ်နဲ့တိတိကျကျတိုင်းချုပ်ထားတဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် ဆင်းလာခဲ့တယ် ။ဝမ်ရိပေါ် ကားနားကို အပြေးလေးသွားပြီး ထိုသူ့လက်ထဲက လက်ကိုင်အိတ်ကို ယူဖို့ လုပ်ပေမယ့် သူက သိသိသာသာပဲ မသိချင်ယောင်ဆောင်ခဲ့ပါတယ် ။
"ကော ပြန်လာပြီလား"
"အင်း"ဝမ်ရိပေါ်က လေထုကို နည်းနည်းလေးပဲဖြစ်ဖြစ် ပိုနွေးထွေးစေဖို့ ကြိုးစားချင်ပေမယ့် ထိုသူကတော့ ပူးပေါင်းဆောင်ရွက်ချင်ပုံ မပေါ်ပါဘူး ။ ခပ်ပြတ်ပြတ်ပဲ အဖြေပေးပြီး ကားတံခါးကို ပိတ်လို့ အိမ်ထဲဝင်သွားခဲ့တယ် ။ အစကအဆုံး ရိပေါ့်ကို အကြည့်လေးတစ်ချက်တောင် မပေးခဲ့ပါဘူး ။ ကောရဲ့နောက်ကျောနားတစ်ဝိုက်မှာ ငြီးငွေ့ခြင်းအငွေ့အသက်တွေ ရစ်သိုင်းလို့ ။
နှစ်တွေလည်း ကြာလာခဲ့ပါပြီ ။ ဘယ်ကနေ စမှားခဲ့တာလဲလို့ မေးရင် ဖြေရခက်ပါတယ် ။ ဘာတွေ မှားယွင်းနေတာလဲလို့ မေးရင်တော့ အရာအားလုံးပါပဲ ။
ကောဟာ ရိပေါ့်အတွက် တဖြည်းဖြည်း black coffee တစ်ခွက်နဲ့ တူလာခဲ့ပါတယ် ။ ဘာကိုမှ မမြင်နိုင်အောင် အောက်ခြေအထိ ဆွေးဆွေးနက် မှောင်မိုက်နေပြီး ခါးသက်သက်အရသာနဲ့ နှလုံးသားကို တုန်ယင်ကိုက်ခဲစေတာမျိုး ။
YOU ARE READING
A Tale Of Not A Fairy Tale || Completed